Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြ၀တီမြို့နယ်ဖက်တွင် စစ်တပ်က အတွဲလိုက်ဒုံးများ၊ လက်နက်ကြီး များဖြင့် ညလုံးပေါက် ဆက်တိုက် ပစ်ခတ်

မြ၀တီမြို့နယ်ဖက်တွင် စစ်တပ်က အတွဲလိုက်ဒုံးများ၊ လက်နက်ကြီး များဖြင့် ညလုံးပေါက် ဆက်တိုက် ပစ်ခတ်

ABN-ရှိုင်းမိုး

ယမန်နေ့ ညပိုင်းက ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မဲကနယ်ရွာအနီး ကျောက်တောင်ဘက်သို့ စစ်တပ်က အတွဲ လိုက်ဒုံးများ၊ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ဧပြီလ ၂၈ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန်မှစတင်၍ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က အတွဲလိုက်ဒုံးများ၊ လက်နက်ကြီးများဖြင့် စစ်ရေးတင်းမာနေသော ဒေသကို ဦးတည်၍ တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီက ကော်ဘရာစစ်ကြောင်းနှင့် တော်လှန်ရေးမဟာမိတ်တပ်များ အခြေစိုက် ထားသော KNU တပ်မဟာ ၆ နယ်မြေ ကျောက်တောင်ဒေသကို ထိုးဖောက်ဝင်ပြီး၊ နယ်မြေကျူးကျော်ရန် ကြိုးစားလျက်ရှိသော်လည်း အောင်မြင်နိုင်ခြင်း မရှိဘဲ သေဆုံးမှုများစွာဖြင့် ထိုးစစ်ဆင်လာသော စစ်တပ်များ၏ ဖွဲ့စည်းပုံ ပျက်စီးသည်အထိ သေဆုံးမှုများ ရှိနေကြောင်း PDF သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ