သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့နယ်တွင် မီးလောင်မှုကြောင့် နေအိမ် ၂ လုံး ပြာကျ

AB News – သြဂုတ် ၁၃၊ ၂၀၂၅
နွယ်စိုး

ရက္ခိုင်​ပြည်၊ မြောက်ဦးမြို့နယ်၊ မောင်ရွှီကန်ကျေးရွာတွင် ယနေ့ သြဂုတ်လ ၁၃ ရက် နေ့လယ်ပိုင်းက မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ နေအိမ် ၂ လုံး မီးလောင်ပြာကျသွားခဲ့ကြောင်း AB Newsက စုံစမ်းသိရှိရသည်။

မီးလောင်ဆုံးရှုံးခဲ့သော နေအိမ်များမှာ အသက် ၅၅ နှစ်အရွယ် ဦးမောင်သိန်း နှင့် ၎င်း၏သမီးဖြစ်သူ အသက် ၂၁ နှစ်အရွယ် မစန္ဒဦး တို့၏ နေအိမ်များဖြစ်သည်။

မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မစန္ဒဦးက “ကျမ အိမ်ထဲမှာ အိပ်နေတုန်း ပထမတစ်ကြိမ် ပေါက်ကွဲသံကြားလို့ ထကြည့်တော့ မီးမလောင်သေးပါဘူး။ နောက်တစ်ကြိမ် ပေါက်ကွဲသံကြားလို့ ထကြည့်တော့ အဖေတို့အိမ် မီးလောင်နေတာ တွေ့ရတယ်။ လေတိုက်နှုန်းများတော့ မီးကူးပြီး ကျမတို့အိမ်ပါ မီးလောင်ပြာကျသွားတာပါ” ဟုဆိုသည်။

အဆိုပါ မီးလောင်မှုသည် နေ့လယ် ၃ နာရီခွဲ ခန့်တွင် ဦးမောင်သိန်း၏ နေအိမ်ရှိ ဆိုလာ ( Solar )ပြား နှစ်ချပ် မှ စတင်ခဲ့ခြင်းဖြစ်ကြောင်း မစန္ဒဦး၏ ပြောကြားချက်အရ သိရသည်။

ရွာသူရွာသားများ၏ ဝိုင်းဝန်းမီးသတ်မှုကြောင့် ညနေ ၄ နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် အိမ်သုံးပစ္စည်းအချို့လည်း ပျက်စီးသွားခဲ့ပြီး၊ ပြန်လည်တည်ဆောက်မည်ဆိုပါက တစ်အိမ်လျှင် ကာလပေါက်ဈေးအရ သိန်း ၅၀ ခန့် ကုန်ကျနိုင်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ