သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့နယ်တွင် ဓာတ်ဆီဆိုင်တစ်ဆိုင် မီးလောင်ပြာကျ



‎AB News – ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆
‎ဂျူလိုင်

‎မြောက်ဦးမြို့နယ်၊ လေးမြို့စားကျေးရွာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့က ဓာတ်ဆီဆိုင်တစ်ဆိုင်မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

‎​ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့၊ နံနက် ၁၁ နာရီခန့်တွင် ဆိုင်ပိုင်ရှင် ဦးအောင်ကျော်စိုး၏ ယောက္ခထီးဖြစ်သူ ဦးအောင်လှထွန်း ဓာတ်ဆီခြင်တွယ်နေစဥ် မတော်တဆ လျှော့ဖြစ်၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

‎မီးလောင်ကျွမ်းမှုကြောင့် အဆိုပါဓာတ်ဆီဆိုင်တစ်ခုလုံး မီးလောင်ပျက်စီးခဲ့ရပြီး ဦးအောင်လှထွန်းမှာလည်း ဘယ်ဖက်ခြေထောက်နှင့် ညာဖက်လက်မောင်းတွင် ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

‎အဆိုပါမီးလောင်ကျွမ်းမှုကို အနီးအနားရှိ ဒေသခံများ၏ ဝိုင်းဝန်းမီးငြိမ်းသတ်မှုကြောင့် နေ့လယ် ၁ နာရီခန့်တွင် ​မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

‎မီးလောင်ကျွမ်းမှုအား အာရက္ခပြည်သူ့အစိုးရ DLEPS ဌာနမှ ဆက်လက်စုံစမ်းစစ်ဆေးမှုများပြုလုပ်လျှက်ရှိသည်။

‎လက်ရှိတွင် ပွင့်လင်းရာသီးရောက်ရှိလာသည်နှင့်အမျှ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ ဦးဆောင်ကာ အာရက္ခပြည်သူများသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းအသိပညာပေးမှုများ၊ လက်ကမ်းစာဆောင်များ၊ ဆိုင်းဘုတ်များအပြင် ကြိုတင်ကာကွယ်ရေးအစီအစဥ်များနှင့် ပြည်သူများအား မီးမပေါ့ဆကြရန် တိုက်တွန်းမှုများ ဆက်တိုက်ပြုလုပ်လျှက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ