သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးဆေးရုံ ပြန်လည်ထူထောင်ရေးအတွက် ထိုင်းနိုင်ငံ၊ ဖူးကတ်ရောက် ရက္ခိုင်မိသားစုများမှ အလှူငွေ လှူဒါန်း

AB News – ဇန်နဝါရီ ၁၃၊ ၂၀၂၆

လူ့အခွင့်အရေးနေ့ဖြစ်သည့် ဒီဇင်ဘာ ၁၀ ရက်နေ့၌ ရက္ခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအား အကြမ်းဖက် စစ်ကော်မရှင်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျန်းမာရေးအတွက် ပြည်သူများ အားထားနေရသည့် ပြည့်သူ့ဆေးရုံကြီး ပျက်စီးခဲ့ရသည့်အပြင် ဆေးဖက်ဆိုင်ရာ ဝန်ထမ်းများအပါအဝင် ပြည်သူ ၃၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၈၀ နီးပါး ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ ဆေးရုံကြီးအား ပြန်လည်ထူထောင်ရာ၌ ကူညီထောက်ပံ့နိုင်ရန် ထိုင်းနိုင်ငံ၊ ဖူးကတ်မြို့တွင် ရောက်ရှိနေသော ဖူးကတ်ရောက် ရခိုင်မိသားစုများ အဖွဲ့မှ စောမဲကျီဖောင်ဒေးရှင်း သို့ ငွေလှူဒါန်းခဲ့ကြောင်း သိရသည်။

လှူဒါန်းငွေမှာ ထိုင်းဘတ်ငွေ ၁၃၂,၇၁၅နှင့်ညီမျှသည့် မြန်မာကျပ်ငွေ ၁၆,၃၈၄,၀၀၀ ကျပ်(သိန်းတစ်ရာ့ခြောက်ဆယ်သုံးသိန်း ရှစ်သောင်း လေးထောင်ကျပ်) နှင့် ကို လှူဒါန်းပေးအပ်ခဲ့ကြောင်း ဖောင်ဒေးရှင်းဘက်မှ ယမန်နေ့ ဇန်နဝါရီ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မြောက်ဦးပြည်သူ့ဆေးရုံသည် ရက္ခိုင်ပြည်ရှိ ပြည်သူများ ကျန်းမာရေးအတွက် မှီခိုအားထားနေရသည့် အဆောက်အအုံဖြစ်ပြီးပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ရန် အလှူရှင်များ၏ အလှူငွေကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

စောမဲကျီဖောင်ဒေးရှင်းမှလည်း အလှူငွေရရှိရန် ပါဝင်လုပ်ဆောင်ပေးခဲ့ကြသည့်
လှူဒါန်းသူ အလှူရှင်များအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နေ့ကလည်း စောမဲကျီ ဖောင်ဒေးရှင်းမှ ရက္ခိုင်ပြည်အတွင်း ဆင်းရဲနွမ်းပြီး ကျန်းမာရေး အတွက် ဆေးကုသမှုခံယူရန်အခက်တွေ့နေရသော ပြည်သူများနှင့် အာရက္ခပြည်သူ့ ကျန်းမာရေးလုပ်ငန်းများအား ပြန်လည်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အလှူငွေကျပ် သိန်း ၁၀၀,၀၀၀,၀၀၀ လှူဒါန်းခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ