Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ဖွဲ့နှင့် စစ်ကောင်စီတို့ တရုတ်အကူအညီဖြင့် မိုင်းလားတွင် ဒုတိယမြောက်နေ့အဖြစ် တွေ့ဆုံ ဆွေးနွေးနေ

မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ဖွဲ့နှင့် စစ်ကောင်စီတို့ တရုတ်အကူအညီဖြင့် မိုင်းလားတွင် ဒုတိယမြောက်နေ့အဖြစ် တွေ့ဆုံ ဆွေးနွေးနေ

ABN-ရာဟု

ဇွန် ၂ရက်

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ဖွဲ့နှင့် စစ်ကောင်စီတို့ တရုတ်အကူအညီဖြင့် မိုင်းလားတွင် ဒုတိယမြောက်နေ့အဖြစ် တွေ့ဆုံဆွေးနွေးနေကြသည်ဟု သိရှိရသည်။

မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ဖွဲ့နှင့် စစ်ကောင်စီတို့သည် ဇွန်လ ၁ရက်နေ့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ ၄ မိုင်းလားမှာ တွေ့ ဆုံဆွေးနွေးနေခြင်းဖြစ်ပြီး ယနေ့ ဇွန်လ ၂ရက်နေ့တွင်လည်း ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ဆွေးနွေးကြသည်ဟု သိရှိရသည်။

ပထမနေ့တွင် ပါတီစုံ ဒီမိုကရေစီ နိုင်ငံရေးစနစ်ခိုင်မာရေးကိစ္စများ ၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကိစ္စများ ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများအပြင် ဖမ်းဆီးထားသူများ ပြန်လည်လွတ်မြောက်ရေးကိစ္စများ ၊ မတရားအသင်းမှ ပယ်ဖျက်ရေးကိစ္စများ ၊ မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အမြန်ဆုံးရောက်ရှိစေနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု စစ်ကောင်စီပိုင် သတင်းများက ထုတ်ပြန်ထားသည်။

တရုတ်အစိုးရက တွေ့ဆုံဆွေးနွေးရေးကို ကြားဝင်လုပ်ဆောင်ပေးနေပြီး ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူးသံတမန် မစ္စတာကောပေါင်လည်း တွေဆုံဆွေးနွေးမှုများ အောင်မြင်နိုင်ရေးတို့အတွက် မိုင်းလားမြို့ကို ရောက်ရှိနေကာ ဆွေးနွေးပွဲ တက်ရောက်လာသူများ၏ နေထိုင်မှုနှင့်လုံခြုံရေးတို့ အတွက် အထူးဒေသ၄ မိုင်းလားဘက်က တာဝန်ယူပေးထားကြောင်း သိရသည်။

တွေ့ဆုံနွေးပွဲသို့ မြောက်ပိုင်းမဟာမိတ်ညီနောင်၃ဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNTJP/MNDAA၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်PSLF/TNLAနှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA)တို့မှ တာဝန်ရှိသူမျာတက်ရောက်ကြပြီး စစ်ကောင်စီဘက်က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ၊ တြိဂံဒေသ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းမြတ်ရွှေနှင့်အဖွဲ့တို့ကတက်ရောက်ကာတွေ့ဆုံဆွေးနွေးကြခြင်း ဖြစ်သည်ဟု သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မပြီးမြောက်သေးသည့် တစ်နိုင်ငံလုံးအတိုင်းအတာ တော်လှန်ရေးခရီးပန်းတိုင်နှင့် သက်ဆိုင်ရာလူမျိုးနှင့် ဒေသတို့၏ အန္တိမပန်းတိုင်သို့ ရက္ခိုင့်တပ်တော်နှင့်အတူ တက်လှမ်းသွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် PSLF/TNLA နှင့် MNTJP/MNDAA ဆို
စစ်ကောင်စီ၏ ဖိနှိပ်မှုဒဏ်ကို မျိုးဆက်တစ်ခုပြီးတစ်ခု ခံစားခဲ့ရသော မြန်မာပြည်သူလူထု၏ နိုင်ငံရေးရည်မှန်းချက်များကို မည်သည့်အခါမှ လျစ်လျူရှုသွားမည် မဟုတ် ဟု ညီနောင် ၃ ဖွဲ့ ထုတ်ပြန်