Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့ထံမှ လက်နက် ခဲယမ်းမျိုးစုံနှင့် စစ်ရေး အကူအညီများရရှိခဲ့ကြောင်းနှင့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း ၁၀၀၀ ကျော်ရှိခဲ့ကြောင်း KNDF တရားဝင်ထုတ်ပြန်

ABN-ရာဟု

မေ ၃၁ ရက်

​ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တည်ထောင်ခြင်း (၂)နှစ်ပြည့် အထိမ်းအမှတ် ထုတ်ပြန်ချက်တွင် အာဏာသိမ်းစစ်တပ်ကို တိုက်ပွဲ ၁၀၀၀ကျော်တိုက်ခိုက်ခဲ့ကာ မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့ထံမှ လက်နက် ခဲယမ်းမျိုးစုံနှင့် စစ်ရေးအကူအညီများရရှိခဲ့ကြောင်း မေလ ၃၁ရက်နေ့ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် AA ၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAတို့ထံမှ တန်ဖိုးမဖြတ်နိုင်သည့် စစ်ရေး အကူအညီများရရှိခဲ့ကာ KNU ထံမှ စစ်သင်တန်းအကူအညီများ၊ KNPP/ KA ထံမှ စစ်ရေးဦးဆောင်မှုများနှင့်ဖေးမကူညီမှုများရရှိခဲ့သည်ဟု သိရသည်။

KNDFအနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီိနိုင်ငံတည်ဆောက်ရေးတို့အတွက်NUCC ၊ NUG နှင့် CRPH တို့ကိုလည်း ဆက်လက်ပြီး လက်တွဲပူးပေါင်းသွားမှာဖြစ်ပြီး ပြည်နယ်အဆင့်တွင် ကရင်နီပြည်နယ်အစိုးရပေါ်ပေါက်ရေးတို့အတွက် KSCCနှင့်အတူ ပူပေါင်းလုပ်ဆောင်သွားမည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်နှင့် KNDF တို့ တိုက်ပွဲပေါင်း ၁,၀၀၀ ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား(၁,၀၀၀)ကျော် သေဆုံးကာ KNDF ရဲဘော်၁၅၃ ဦးကျဆုံးခဲ့ရပြီး ၇၅ဦးခြေလက်အင်္ဂါဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

ညီနောင်မဟာမိတ်တပ်ဖွဲ့များနှင့်KNDF အား ကျွေးမွေးစောင့်ရှောက်ပေးကြသည့် မိဘပြည်သူများကို ဦးထိပ်ပန်ကျေးဇူးတင်ရှိကာ နိုင်ငံတကာက ပံ့ပိုးကူညီသူများကိုလည်း ကျေးဇူးတင်ကြောင်းပြောကြားထားကာ အာဏာရှင်စနစ်တိုက်ထုတ်ရာတွင် ဆက်လက် ပါဝင်ကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မပြီးမြောက်သေးသည့် တစ်နိုင်ငံလုံးအတိုင်းအတာ တော်လှန်ရေးခရီးပန်းတိုင်နှင့် သက်ဆိုင်ရာလူမျိုးနှင့် ဒေသတို့၏ အန္တိမပန်းတိုင်သို့ ရက္ခိုင့်တပ်တော်နှင့်အတူ တက်လှမ်းသွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် PSLF/TNLA နှင့် MNTJP/MNDAA ဆို
စစ်ကောင်စီ၏ ဖိနှိပ်မှုဒဏ်ကို မျိုးဆက်တစ်ခုပြီးတစ်ခု ခံစားခဲ့ရသော မြန်မာပြည်သူလူထု၏ နိုင်ငံရေးရည်မှန်းချက်များကို မည်သည့်အခါမှ လျစ်လျူရှုသွားမည် မဟုတ် ဟု ညီနောင် ၃ ဖွဲ့ ထုတ်ပြန်