
AB News – ဖေဖော်ဝါရီ ၂၇၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မြေပုံမြို့ရှိ တရားမဝင် အရက်၊ ဘီယာများကို ယခုရက်ပိုင်းအတွင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန(DLEPS)မှ ရှာဖွေဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ဆိုကြသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလပိုင်းမှစ၍ ရက္ခိုင်ပြည်တွင် ပြည်ပထုတ် အရက်၊ ဘီယာများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ တရားဝင်ပိတ်ပင်ထားသကဲ့သို့ ဖြန့်ဖြူးရောင်းချသူများအား ထိရောက်စွာ အရေးယူမည်ဟု တရားဝင်ထုတ်ပြန်ထားသည်။
DLEPS တပ်ဖွဲ့မှ စစ်ဆေးရှာဖွေမှုကြောင့် မြေပုံ မြို့ပေါ်ရပ်ကွက်ဖြစ်သည့် သဲတန်းမှ ANDAMAN အမှတ်တံဆိပ်ပါ ဘီယာ ၂၄ ဖာ၊ Grand Sherry Cask (အရက်) ၂၁ ဖာ နှင့် ၇ လုံး ဖမ်းဆီးရမိခဲ့ကြောင်း ဆိုသည်။
ယင်းအပြင် ဖမ်းဆီးရမိသည့် ပြည်ပထုတ် တရားမဝင် အရက်၊ ဘီယာများကို စနစ်တကျဖျက်ဆီးသွားမည်ဖြစ် ကြောင်း မြေပုံမြို့ DLEPS ဌာနက ဆိုသည်။