
AB News – ဧပြီ ၁၀ ၊ ၂၀၂၅
ရက္ခိုင်ပြည် ၊ မြေပုံမြို့တွင် ဆယ်ကျော်သက်အရွယ် ကလေးငယ် ၁ ဦး မိုင်းနင်းမိ၍ ခြေတစ်ဖက် ပြတ်ထွက်သွားခဲ့ကြောင်း AB News က စုံစမ်းသိရှိရသည်။
မိုင်းနင်းမိသူမှာ အသက် ၁၂ နှစ်အရွယ် မဖြိုးဖြိုးစံ ဖြစ်ကြောင်း သိရှိရသည်။
ယမန်နေ့ ၊ ဧပြီလ ၉ ရက်နေ့ တွင် မဖြိုးဖြိုးစံသည် ကန်တော်ကြီးအနီးရှိ တောရကျောင်းဝန်းတွင် မြေမြှုပ်မိုင်းနင်းမိ၍ ဘယ်ဘက်ခြေထောက် ပြတ်ထွက်သွားရခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူ ၁ ဥ်းက AB News သို့ပြောသည်။
” မနေ့က မိုင်းနင်းမိတာ။ ကလေးက ကန်တော်ကြီးအနီးက တောရကျောင်းဝန်းမှာ စစ်ကောက်စီထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းကို နင်းမိတာ။ မိုင်းနင်းမိလို့ ဘယ်ဘက်ခြေထောက်ပြတ်ထွက်သွားတယ် ” ဟု ဆိုသည်။
လက်ရှိတွင် ၎င်းမှာ နီးစပ်ရာ ဆေးရုံ၌ ဆေးကုသမှု ခံယူထားကြောင်း သိရှိရသည်။
ရက္ခိုင်က ဒေသခံပြည်သူအများစုမှာ စစ်ကျန်မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင်း အသက်ဆုံးရှုံးမှုများအပြင် ကိုယ်လက်အင်္ဂါဆုံးရှုံးမှုများ နေ့စဥ်ရက်ဆက် ဖြစ်ပွားလျက် ရှိနေသည်။