Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးတွင် မြေပြိုကျသွားခဲ့သည့်နေရာ၌ ဘေလီတံတားဆောက်ပြီးပြီ ဖြစ်သော်လည်း လမ်းခိုင်ခန့်မှုအားနည်းနေသေး၍ သွားလာခွင့်ပိတ်ထားဆဲ

ABN-ထက်မြတ်ခင်

ဩဂုတ် ၂၆ရက်

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးတွင် မြေပြိုကျမှုဖြစ်ပြီး လမ်းပျက်နေသည့်နေရာတွင် ဘေလီတံတား ဆောက်လုပ်ပြီးဖြစ်သော်လည်း လမ်းခိုင်ခန့်မှုအားနည်းနေသေး၍ သွားလာခွင့်ကိုပိတ်ထားဆဲဖြစ်ကြောင်း ဒေသတွင်းသတင်းများအရသိရသည်။

မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးမှာ ရာသီဥတုဒဏ်ကြောင့် လမ်းအပိုင်းလိုက်ပြတ်ကျခဲ့သည့် နေရာတွင် ဘေလီတံတားဆောက်လုပ်ပြီးစီးပြီဖြစ်ကာ ယမန်နေ့ ဩဂုတ်လ ၂၅ ရက်နေ့က ကားအသွားလာများကို ဖြတ်သန်းခွင့်ပြုခဲ့သည်။

ဘေလီတံတားမှာ ခံနိုင်ဝန်အား ၅၅တန်သတ်မှတ်ဖြတ်သန်းခွင့်ပြုခြင်းဖြစ်ပြီး တစီးချင်းစီဖြတ်သန်းသွားလာရသည့်အတွက် ကျန်ကားများသွားရန် စောင့်ဆိုင်းနေကြရပြီး လမ်းမြေသားအိကျလာသဖြင့် ကားများပြန်ကွေ့လာရသောကြောင့် ပိတ်ထားရခြင်းဖြစ်သည်ဟုသိရသည်။

မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးမှာ ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်နေ့က တောင်ပြိုကျမှုကြောင့် လမ်းပြိုပျက်စီးခဲ့ခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ