Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြဝတီ-ကော့ကရိတ်ကြားက အာရှလမ်းကို သီတင်း၂ပတ်ကြာ ပိတ်ထားမည်

မြဝတီ-ကော့ကရိတ်ကြားက အာရှလမ်းကို သီတင်း၂ပတ်ကြာ ပိတ်ထားမည်

ABN-ထက်မြတ်ခင်

ကရင်ပြည်နယ် မြဝတီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို စစ်ကောင်စီတပ်က အရပ်သားကားများဖြင့် လက်နက်ခဲယမ်းများ သယ်ဆောင်နေသည်ဟုဆိုကာကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA နဲ့ ပူးပေါင်း စစ်ကြောင်းက ဧပြီလ ၇ ရက်နေ့ကနေ ဧပြီလ ၂၁ ရက် နေ့အထိ အာရှလမ်းကို ပိတ်လိုက်ကြောင်း သိရသည်။

ပြည်သူများ ခရီးသွားလာ မလုပ်ရန်အတွက် တပ်ရင်းမှူးများ၊ ဗျူဟာမှူးများ အပါအဝင် စစ်ကြောင်းမှူးများက လက်မှတ်ထိုးပြီး တရားဝင်အမိန့် ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

အာရှလမ်းမှာ ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အဓိကအရေးပါသည့်လမ်းဖြစ်ပြီး မတ်လ ၂၅ရက်နေ့ကစပြီး ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့်ကုန်သွယ်စီးဆင်းမှုများရပ်ထားပြီး အာရှလမ်းယာယီပိတ်လိုက်ရချိန်မှာလည်း ကုန်ဈေးနှုန်းတက်ကာ ထိုင်းမြန်မာနှစ်နိုင်ငံအတွက် စီးပွားရေး ထိခိုက်မူများလည်းရှိပြီး မြန်မာဘက်ကလည်း ၎င်းလမ်းကြောင်းမှ ကုန်သွယ်မူအများဆုံးလုပ်ကြသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသတွင် စစ်ကောင်စီတပ်များ၏ လက်အောက်ခံ နယ်ခြားစောင့် BGF စခန်းကုန်း ၅ ခုကို ဗိုလ်အယ်ဆေးဝါးဦးဆောင်သည့် Lion Battalion ဗျုဟာစစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးကာ နှစ်ဖက် တိုက်ပွဲများပြင်းထန်နေသည့်အတွက် လက်နက်ကြီးများ၊ လေကြောင်းများဖြင့် တိုက်ခိုက်မှုများ ရှိနေသောကြောင့် အာရှလမ်းမကြီးကိုပိတ်ထားခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်