Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာ-ထိုင်း နယ်စပ်တွင်ရှိသည့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) တပ်စခန်း (၅) ခုအား ဆုတ်ခွာပေးရန် ထိုင်းအာဏာပိုင် တောင်းဆို

ABN-မေအိအိအောင်

ဇြန္လ ၂၀ ရက်

မြန်မာ-ထိုင်း နယ်စပ်မျဉ်းတလျောက်ရှိ မြန်မာနိုင်ငံဘက်တွင် အခြေစိုက်ထားသည့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) စခန်း (၅) ခုကို ဆုတ်ခွာပေးရန် ထိုင်းအာဏာပိုင်များက တောင်းဆိုလိုက်သည်။

အဆိုပါ တောင်းဆိုချက်ကို မြန်မာ-ထိုင်းနယ်စပ်ကော်မတီမြို့နယ်အဆင့်Thai Myanmar Township Border Committee(TBC) အစည်းအဝေးတွင်တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအစည်းအဝေးကို ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့က တာချီလိတ်မြို့ရှိ 1G1 ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် ထိုင်းအာဏာပိုင်မှ မြန်မာနိုင်ငံဘက်ရှိ UWSA တပ်စခန်း (၅) ခုအား ဆုတ်ခွာပေးရန် ဆွေးနွေးတောင်းဆိုခဲ့သည်။

ထိုဆွေးနွေးမှုတွင် အပြန်အလှန်အနေဖြင့် ထိုင်းနိုင်ငံဘက်သို့ တရားမဝင် သွားရောက်နေထိုင်သူ၊ စည်းကမ်းဖောက်ဖျက်ပြီး ထိုင်းနိုင်ငံသို့ တိမ်းရှောင်သူ နှင့် အမှုပြေးများကို ကူညီဖမ်းဆီးပေးရန်လည်း ထိုင်းအာဏာပိုင်များကို မြန်မာအာဏာပိုင်များက တောင်းဆိုသည်။

ယင်းအပြင် နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ တရားဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ မယ်ဆိုင်ချောင်းရေအား ပူးတွဲအသုံးပြုရေး ကိစ္စရပ်များ၊ မယ်ဆိုင်ချောင်း ရေကြီး ၊ ရေလျှံ ရာတွင် ကြိုတင်သိရှိနိုင်ရေးအတွက် အချက်ပေး ကိရိယာ တပ်ဆင်ခြင်းဆိုင်ရာ ကိစ္စရပ်များ စသည့်အချက်များကို နှစ်နိုင်ငံ ဆွေးနွေးခဲ့သည်။

နောက်ထပ် တောမီးရှို့ခြင်း နှင့် မီးခိုးမြူငွေ့ဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသ ယှဉ်တွဲကျေးရွာတောင့်တင်းခိုင်မာ စီမံချက်အနေနှင့် နှစ်နိုင်ငံ နယ်စပ်ရှိ ကျေးရွာများအား ပညာရေး၊ ကျန်းမာရေး၊ အားကစား ကိစ္စရပ်များမှာ ပူးပေါင်းဆောင်ရွက်ရေးများလည်း ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ အစည်းအဝေးတွင် တာချီလိတ်ခရိုင် နှင့် ချင်းရိုင်ခရိုင်ကြား မူးယစ်ဆေးဝါးများ တရားမဝင်လမ်းကြောင်းမှ တင်ပို့နေမှုများ၊ လက်နက်ခဲယမ်းများ တရားမဝင် သယ်ဆောင်သည့် ကိစ္စရပ်များ စသည့် ကိစ္စရပ်များအား ကဏ္ဍအလိုက် နှစ်ဖက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ