သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာ့လူဦးရေ သုံးပုံတစ်ပုံ စားနပ်ရိက္ခာမဖူလုံမှု ရင်ဆိုင်နေရ

AB News – မတ် ၁၄၊ ၂၀၂၅

မြန်မာ့လူဦးရေ၏ သုံးပုံတစ်ပုံသည် လက်ရှိတွင် စားနပ်ရိက္ခာ မဖူလုံမှုကို ရင်ဆိုင်နေရပြီး ပဋိပက္ခကြောင့် မြန်မာပြည်သူ ၁၉ ဒသမ ၉ သန်းခန့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်နေကြောင်း ကုလသမဂ္ဂအဖွဲ့မှ ယမန်နေ့ မတ်လ ၁၃ ရက်နေ့တွင် ပြောသည်။

မြန်မာပြည်အနှံ့ စစ်ကောင်စီနှင့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးမှုများအား ကန့်သတ်ခံရခြင်း၊ ကုန်သွယ်ရေးလမ်းကြောင်း များ ကန့်သတ်ပိတ်ဆို့ခံရခြင်းများကြောင့် ဒေသတွင်းပဋိပက္ခများ ပိုမိုဆိုးရွားလာသည်ဟု ကုလသမဂ္ဂကျွမ်းကျင်သူများက ထုတ်ပြန်ချက်တွင် ဆိုထားသည်။

တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်ကောင်စီတပ်များကြား နှစ်ဖက်တိုက်ပွဲပြင်းထန်မှုများသည် မြန်မာနိုင်ငံရှိ မြို့နယ်များ၏ ၉၆ ရာခိုင်နှုန်း၏ စီးပွားရေးနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို ထိခိုက်စေခဲ့သည်။

ယခုနှစ်အတွင်း ဆန်၊ပဲ၊ဆီ အပါအဝင် အခြေခံစားသောက်ကုန်များ၏ စျေးနှုန်းများသည် ယခင်နှစ်ထက် ၃၀ ရာခိုင်နှုန်း မြင့်တက်လာနိုင်ကြောင်း ကုလသမဂ္ဂကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

ရက္ခိုင်ပြည်အတွင်း အငတ်ဘေးကြုံနိုင်သည့် ပြည်သူ ၂ သန်းခန့် ရှိနိုင်ကြောင်းလည်း ၎င်းတို့က သတိပေး ပြောထားသည်။

ထို့အပြင် နယ်စပ်ဖြတ်ကျော် အကူအညီပေးမှုများနှင့် စစ်ဘေးရှောင်ပြည်သူများကို ကူညီထောက်ပံ့ကြရန် အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့အသိုင်းအဝိုင်းကို ကုလသမဂ္ဂကျွမ်းကျင်သူများက တိုက်တွန်းထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ