Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင် မြန်မာအကျဉ်းသား/အကျဉ်းသူ ၃၀၁၅ ဦးနှင့် နိုင်ငံခြားသား ၉၈ ဦးတို့ကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွှတ်ပေး

ဧပြီ ၁၇ ရက်

ယနေ့ ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မြန်မာနိုင်ငံ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် မြန်မာနိုင်ငံသား အကျဉ်းသား/အကျဉ်းသူ ၃၀၁၅ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား ၉၈ ဦးတို့အား စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်ပေးကြောင်း ထုတ်ပြန်သည်။

၎င်းတို့မှာ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဟူသော စည်းကမ်းချက်ဖြင့် သူတို့ကျခံရန်ရှိသော ပြစ်ဒဏ်များအပေါ် လျော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုလိုက်သည်ဟု ထုတ်ပြန် ပါရှိသည်။

နိုင်ငံခြားသား အကျဉ်းသား ၉၈ ဦးကို လွတ်ငြိမ်းခွင့်ပြုရာတွင် သီရိလင်္ကာနိုင်ငံသား ၅ ဦးပါဝင်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်