Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာ့စီးပွားရေး တိုးတက်လျက်ရှိကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအား စက်သုံးဆီလျှော့သုံးကြရန် မင်းအောင်လှိုင်ပြော

မြန်မာနိုင်ငံတွင် လက်ရှိအချိန်ကာလအတွင်း ပြည်တွင်းစီးပွားရေး တိုးတက်လျက်ရှိပြီး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဆိုပါက ထပ်မံတိုးတက်လာနိုင်ကြောင်းကို စစ်ကောင်စီ ဥက္ကဌ မင်းအောင်လှိုင်က နိုဝင်ဘာလ ၄ ရက်နေ့ တနင်္သာရီတိုင်း ခရီးစဉ် အတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ တွင် ပြောကြားခဲ့သည်။

သူ့အနေဖြင့် နိုင်ငံ့တာဝန်ကို စတင်ထမ်းရွက်ချိန်တွင် အခက်အခဲများစွာ ရှိခဲ့သော်လည်း ယင်းအခက်အခဲများကို ကျော်လွှားပြီး ပြည်တွင်းစီးပွားရေးကို မြှင့်တင်ဆောင်ရွက် နိုင်ခဲ့သည် ဟု ၎င်းကပြောကြားခဲ့သည်။

ထို့အပြင် သူ့ခရီးစဉ်များ၌ စီးပွားရေးလုပ်ငန်းရှင်များနဲ့ တွေ့ဆုံပွဲတိုင်း နီးပါးတွင်ပြောလေ့ရှိသော စကားမှာ အစိုးရထံမှ ချေးငွေများကို ပြန်ဆပ်ကြရန်၊ စက်သုံးဆီကို ပြည်ပက တင်သွင်းရသည်မှာ ငွေကုန်ကြေးကျ များလွန်းသောကြောင့် နိုင်ငံခြားငွေ လိုအပ်ချက်မြင့်မားလျက်ရှိကြောင်း နှင့် လျှပ်စစ်စွမ်းအားသုံးရသော သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် စက်သုံးဆီများကို လျှော့ချသုံးစွဲရန် စီးပွားရေး လုပ်ငန်းရှင်များအား ထိုတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

တိုင်းပြည်စီးပွားရေး တိုးတက်ရန်အတွက် အဓိကကျသော ပြည်ပရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးများအချိို့မှာ စစ်တပ်မှ အာဏာသိမ်းပြီးချိန်တွင် ထွက်ခွာသွားကြပြီး လွန်ခဲ့သည့် အောက်တိုဘာလအတွင်း ကမ္ဘာ့ခုံရုံးမှ မြန်မာနိုင်ငံအား Blacklist စာရင်းသွင်းလိုက်ပြီးနောက်တွင်လည်း ပြန်လည်ထွက်ခွာသွားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများစွာလည်း ရှိခဲ့သည်။

အာဏာသိမ်းမှုအပြီး ဝင်ရောက်လာခဲ့သော ရင်းနှီးမြှုပ်နှံမှုများမှာ ၂၀၂၁ ခုနှစ်မေလတွင် အမေရိကန်ဒေါ်လာ သန်း ၂၅၀၀ ကျော် ဝင်ရောက်ခဲ့သည်။

မတ်လတွင် အမေရိကန်ဒေါ်လာ သန်း ၁၂၀၀၊ ဇူလိုင်လတွင် အမေရိကန်ဒေါ်လာ သန်း ၁၁၀၀ ကျော် ဝင်ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနှင့် ဧပြီလတွင် ရင်းနှီးမြှုပ်နှံမှု လုံးဝ ဝင်ရောက်မှုမရှိခဲ့ကြောင်းကို ISP Myanmar ၏ စာရင်းဇယားများ အရ သိရှိရသည်။

ကျန်လများတွင် အမေရိကန်ဒေါ်လာ ၂ သန်းကနေ အများဆုံးသန်း ၂၆၀ ကျော်ထိ ဝင်ရောက်နိုင်ခဲ့သည့် အပြင် အာဏာသိမ်းမှုအပြီး ဝင်ရောက်လာခဲ့သည့် နိုင်ငံခြားရင်းနှီးမှုပေါင်း ၉၈ ခုထိရှိခဲ့ပြီး ၂၀၂၁ စက်တင်ဘာလမှ စတင်ကာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှာ လစဉ်ဝင်ရောက်လျက်ရှိကြောင်း ISP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ ရင်းနှီးမြှုပ်နှံမှုများစွာ ဝင်ရောက်မှုများရှိခဲ့သော်လည်း ပြည်သူလူထုများမှာ ကုန်စျေးနှုန်းမြင့်မားမှု၊ အလုပ်အကိုင်ရှားပါးကျပ်တည်းမှုဒဏ်ကို ခံစားနေကြရဆဲသည်။

ထို့ပြင် လက်ရှိမြန်မာ့ ငွေလှဲနှုန်းမှာလည်း အမေရိကန်ငွေ ၁ ဒေါ်လာကို မြန်မာငွေ ၄၈၀၀ ကျပ်နှုန်းဖြင့် လဲလှယ်နေရကြောင်း သိရသည်။

ထို့ကြောင့် ကျပ်တည်းမှုနှင့် တရားဥပဒေစိုးမိုးမှု အားနည်းသည့် အချိန်တွင် လူထုကြား၌ အနုကြမ်းစီးမှုများ၊ လုယက်မှုများအပြင် လူသတ်မှုများပါဆက်တိုက် ဖြစ်ပေါ်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ