Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာနိုင်ငံတွင် လူဦးရေ ၂သန်းနီးပါး နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပြီး၊ စစ်ကောင်စီ၏ ကန့်သတ်ချက်များကြောင့် ကယ်ဆယ်ရေးပေးရန် ကြန့်ကြာနေဟု UNOCHA ဆို

မြန်မာနိုင်ငံတွင် လူဦးရေ ၂သန်းနီးပါး နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပြီး၊ စစ်ကောင်စီ၏ ကန့်သတ်ချက်များကြောင့် ကယ်ဆယ်ရေးပေးရန် ကြန့်ကြာနေဟု UNOCHA ဆို

ABN-ရှိုင်းမိုး

အောက်တိုဘာ ၃ရက်

ပဋိပက္ခဖြစ်ပွားနေသော မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာသူ၂သန်းနီးပါးရှိနေပြီး လူမှုကယ်ဆယ်ရေးအကူအညီပေးရန် စစ်ကောင်စီ၏ ကန့်သတ်မှုတို့ကြောင့် နှောင့်နှေးကြန့်ကြာမှုများရှိနေကြောင်း UNOCHA ကထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်းက နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများသည် လူဦးရေ ၁ဒသမ ၈သန်းကျော်ကို အကူအညီများပေးနိုင်ခဲ့သည်ဟုသိရသည်။

နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေး ပေးရန်စီစဥ်နေချိန်တွင် စီမံအုပ်ချုပ်ရေးဆိုင်ရာအကန့်အသတ်များကြောင့် ကယ်ဆယ်ရေး ပေးရန် ကြာမြင့်စွာနှောင့်နှေးစေခြင်း သို့မဟုတ် ရွှေ့ဆိုင်းရခြင်းများရှိသောကြောင့် ဘေးဒဏ်ခံရသူများနှင့် နေရပ်စွန့်ခွာသူများကို ထိခိုက်စေသည်ဟု ထုတ်ပြန်ထားသည်။

လက်ရှိအချိန်ထိ လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ရေးအစီအစဥ်နှင့် မိုခါမုန်တိုင်းတုံ့ပြန်ကူညီရေး အရေးပေါ်ရန်ပုံရရှိခြင်းမှာ ၂၈ ရာခိုင်နှုန်းသာရှိသည်ဟု ဖော်ပြထားသည်။

နောက်ဆုံးလေ့လာချက်အရ မြေမြှုပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုမှာ နေပြည်တော်မှလွဲ၍ ပြည်နယ်နှင့်တိုင်းဒေသကြီးများအားလုံးတွင်ဖြစ်ပေါ်လျက်ရှိကြောင်း UNOCHAမှ ပထမဆုံးအကြိမ်အဖြစ်သိရှိရသည်ဟုထုတ်ပြန်ထားသည်။

ဝင်ရောက်ကူညီရေး ကန့်သတ်ချက်များဖြည်လျှော့ပေးခြင်းနှင့်ထပ်တိုးရန်ပုံငွေရရှိရေးများသည် အရေးပေါ် လိုအပ်ချက်များကိုတုံ့ပြန်ကူညီမည့် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများအတွက် အရေးတကြီး လိုအပ်နေသည်ဟု ထုတ်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ