Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာနိုင်ငံတွင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် အာဏာသိမ်းစစ်ကောင်တပ်စီတို့ကြား တိုက်ပွဲများပြင်းထန်လာခြင်းကြောင့် မြန်မာ ၅၀၀၀ ကျော် ထိုင်းနိုင်ငံသို့ ထွက်ပြေးရ

မြန်မာနိုင်ငံတွင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် အာဏာသိမ်းစစ်ကောင်တပ်စီတို့ကြား တိုက်ပွဲများပြင်းထန်လာခြင်းကြောင့် မြန်မာ ၅၀၀၀ ကျော် ထိုင်းနိုင်ငံသို့ ထွက်ပြေးရ

ABN-နွယ်စိုး

မကြာသေးမီ ရက်ပိုင်းက မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် လက်နက်ကိုင် တော်လှန်းရေးအဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်လာမှုကြောင့် မြန်မာနိုင်ငံ အရှေ့ပိုင်းမှ ထိုင်းနိုင်ငံသို့ လူပေါင်း ၅,၀၀၀ကျော် ထွက်‌ပြေးတိမ်ရှောင်ခဲ့ရကြောင်း ထိုင်းမီဒီယာများနှင့် တာဝန်ရှိသူများက ကြာသပတေး နေ့က ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့ ညပိုင်းက ကလေး ၈၀၀ကျော် အပါအဝင် အရပ်သား အနည်းဆုံး ၅,၄၂၈ ဦး သည် မြန်မာနိုင်ငံ မြဝတီခရိုင်မှ နယ်စပ်ကိုဖြတ်ကျော်၍ ထိုင်းနိုင်ငံသို့ ဝင်ရောက်ခဲ့ပြီး တာ့ခ်ခရိုင်တွင် ခိုလှုံနေကြကြောင်း ထိုင်း PBS သတင်း ဌာနက ဖော်ပြထားသည်။

အဆိုပါ ထွက်ပြေးတိမ်ရှောင်လာကြသူများမှာ ဒီမိုကရေစီလိုလားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြောက်ကျားများနှင့် မဟာမိတ် ကရင်လူနည်းစု တိုင်းရင်းသား လက်နက်ကိုင်များက မြန်မာနိုင်ငံနယ်စပ်အနီးရှိ အာဏာသိမ်းစစ်ကောင်စီ၏ ကင်းစခန်းနှစ်ခုကို တိုက်ခိုက်ခဲ့မှုကြောင့် ထွက်ပြေးခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူနည်းစုအများစုသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်

ရရှိရန် အတွက် ဆယ်စုနှစ်ထိတိုင် တိုက်ပွဲဝင်ခဲ့ကြသော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ ရွေးကောက်တင်မြောက်ထားသည့် အစိုးရ ‌ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချပြီး အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခများ သိသိသာသာ ပြင်းထန်လာခဲ့ပြီး ဒီမိုကရေစီလိုလားသော ပြည်သူတချို့သည် တိုင်းရင်းသားလက်နက်ကိုင်လူနည်းစုများနှင့် ပူးပေါင်လာခဲ့ကြသည်။

၄င်းအပြင် မြန်မာနိုင်ငံနယ်စပ်အတွင်း ကြသပတေးနေ့က နယ်စပ်တလျှောက်တိုက်ပွဲများဖြစ်ပွားခဲ့မှုကြောင့်နှင့် လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံအများစုမှာ ထိုင်းနယ်စပ်ရှိ ပြည်နယ်များသို့ ထွက်ပြေးခဲ့ကြပြီး ၄င်းတို့အနေဖြင့် နေရပ်ပြန်မပို့မီ ယာယီခိုလှုံခွင့် ပေးထားကြောင်း သိရသည်။

ထို့အပြင် ထိုင်းနိုင်ငံဘက်ခြမ်းမှ သေနတ်သံများ ကြားနေရကြောင်း ထိုင်းနယ်စပ် မဲဆောက်မှ တာဝန်ရှိသူ တဦးက APသတင်းဌနာသို့ ပြောသည်။

အဆိုပါ ဖြစ်ပွားခြင်းနှင့်ပတ်သက်၍ တရားဝင်သတင်းထုတ်ပြန်ခွင့်မရှိသော်လည်း အမည်မဖော်လိုသူ အရာရှိတစ်ဦးက ထိုင်းအာဏာပိုင်များ၏ စောင့်ရှောက်မှုအောက်တွင် လက်ရှိ ဒုက္ခသည် အရေအတွက်မှာ အနည်းဆုံး ၅,၀၀၀ ရှိသည်ဟု ခန့်မှန်းကြောင်း သိရသည်။

‘’ လူသားချင်းစာနာထောက်ထားမှုအရ သူတို့ကို နေစရာ၊ ရိက္ခာနဲ့ ရေတွေ ပေးနေတယ်’’ ဟု ၄င်းက ဆိုသည်။

’’ အခြေအနေတွေ အေးသွားတဲ့အထိ စောင့်မယ်။ တိုက်ပွဲတွေ ရပ်သွားတဲ့အခါ သူတို့ကို ပြန်ပို့ မယ်’’ ဟု လည်း ၄င်းက ဆိုခဲ့သည်။

ကြာသပတေးနေ့က လူပေါင်း ၁၀၀၀ကျော် နယ်စပ်ကိုဖြတ်၍ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးလာခဲ့ကြောင်း ဘန်ကောက်ပိုစ့် သတင်းဌာနမှ ဖော်ပြထားသည်။

ထိုင်း-မြန်မာနယ်စပ် ကွပ်ကဲမှုဗဟို ဌာနမှ ယမန်နေ့က ထုတ်ပြန်ထားသည့် ကြေညာချက်တွင် တာ့ခ်ခရိုင်မှ အာဏာပိုင်များက နယ်စပ်ကုန်သွယ်ရေး ဂိတ်ဖြစ်သော မဲဆောက်အပါအဝင် နယ်စပ်ခရိုင် ၂ ခုရှိ ဒုက္ခသည်များအတွက် ယာယီတဲ ၁၀ လုံးပြုလုပ်ပေးထားကြောင်း သိရသည်။

Source-Bangkok Post

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ