Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာနိုင်ငံတွင် ရက်ပေါင်း ၂၀ အတွင်း ကိုဗစ်ရောဂါပိုး တွေ့ရှိသူ လူနာသစ်ဦးရေ ၁,၂၀၀ ကျော်ရှိ

မြန်မာနိုင်ငံတွင် ရက်ပေါင်း ၂၀ အတွင်း ကိုဗစ်ရောဂါပိုး တွေ့ရှိသူ လူနာသစ်ဦးရေ ၁,၂၀၀ ကျော်ရှိ

ABN-မေအိအိအောင်

ဇွန်လ ၂၁ ရက်

ယခု ၂၀၂၃ ခုနှစ် ဇွန်လ ရက်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိမှုမှာ ပိုးရှိလူနာသစ် ၁,၂၇၀ ကျော်ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရသည်။

ဇွန်လ ၁ ရက်မှ ဇွန်လ ၂၀ ရက်အတွင်း ကိုဗစ်ရောဂါပိုးစစ်ဆေးတွေ့ရှိမှုမှာ နေ့စဉ် ပျမ်းမျှ လူနာသစ် ၆၀ ဦးကျော်ရှိခဲ့ရာ ရက်ပေါင်း ၂၀ အတွင်း ကိုဗစ်လူနာသစ် ၁,၂၇၁ ဦးရှိခဲ့ကြောင်း နေ့စဉ်ထုတ်ပြန်ကြေညာချက်များအရ သိရသည်။

ယမန်နေ့ ဇွန်လ ၂၀ ရက်တွင် ကိုဗစ်ရောဂါပိုး စစ်ဆေးသူပေါင်း ၇,၄၂၇ ဦး ရှိခဲ့ကာ အတည်ပြု လူနာသစ်မှာ ၆၈ ဦးတွေ့ရှိခဲ့ပြီး သေဆုံးသူမရှိကြောင်း ထုတ်ပြန်ကြေညာချက်အရ သိရသည်။

လက်ရှိတွင် မိုးတွင်းကာလဖြစ်သည့်အတွက် ဖျားနာခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်းများ လူတိုင်းဖြစ်ကြပြီး တုတ်ကွေးများလည်း ဖြစ်နေကြောင်း နှင့် ဖျားချင်ပြီလို့ထင်လျှင် ဆေးထိုး၊ ဆေးသောက်ကြရန်နှင့် လူများသည့်နေရာကိုသွားလျှင်လည်း Mask တပ်ကြရန် အထွေထွေရောဂါကု ဆရာဝန်များကညွှန်ကြားထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ နေ့စဉ်ထုတ်ပြန်ထားသည့် စာရင်းများအရ ပြီးခဲ့သည့် မေလအတွင်း ကိုဗစ်ရောဂါပိုးဖြစ်ပွားသူ ၄,၀၁၂ ဦးရှိခဲ့ပြီး သေဆုံးသူမရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ကိုဗစ်ပထမလှိုင်းမှ စတင်ကာ ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၆၄၀,၁၆၀ ဦး ရှိခဲ့ပြီး သေဆုံးသူ ၁၉,၄၉၄ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ