Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာနိုင်ငံတွင် မသေချာ၊ မရေရာသောအခြေနေများဖြင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ ၁ ဒသမ ၉သန်းကျော်ထိရှိလာသည်ဟု UNOCHAမှထုတ်ပြန်

မြန်မာနိုင်ငံတွင် မသေချာ၊ မရေရာသောအခြေနေများဖြင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ ၁ ဒသမ ၉သန်းကျော်ထိရှိလာသည်ဟု UNOCHAမှထုတ်ပြန်

ABN-ရှိုင်းမိုး

စက်တင်ဘာ ၁၀ရက်

မြန်မာနိုင်ငံတွင် ပဋိပက္ခနှင့် သဘာဝ ဘေးအန္တရာယ်များကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ ၁ ဒသမ ၉သန်းကျော်ရှိပြီး ထိုလူများသည် လူမှုကယ်ဆယ်ရေးအကူညီများလိုအပ်နေကြသည်ဟု UNOCHAမှထုတ်ပြန်လိုက်သည်။

နိုင်ငံရေးမတည်ငြိမ်မှုနှင့် သဘာဝဘေးအန္တရာယ်များကြောင့် အရပ်သားသေဆုံးမှုများရှိပြီး၊ အရပ်သားပိုင်ပစ္စည်းများ ရပ်ရွာများမှလူနေအိမ်များလည်းဆုံးရှုံးမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိနေပြီး နိုင်ငံ၏လူသားချင်းစာနာမှုဆိုင်ရာအ​ခြေအနေများမှာ ပိုမိုဆိုးရွာလာကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက် တိုက်ပွဲဖြစ်ပွားမှုနှင့် ဒေသမလုံခြုံမှုများကြောင့် လူဦးရေ ၁ဒသမ၆သန်းကျော် အိုးအိမ်စွန့်ခွာ၍ထွက်ပြေးနေကြရပြီး ပြည်သူပိုင် အဆောက်အအုံပေါင်း ၇၅၀၀၀နီးပါး မီးရှို့ဖျက်စီးခံခဲ့ရကြောင်း ခန့်မှန်းထားသည်။

လက်ရှိရခိုင်ပြည်တွင်လည်း မိုခါမုန်တိုင်းကြောင့် မြို့နယ်၇မြို့နယ်တွင် ဒေသခံပြည်သူများသည် နေအိမ်ဆုံးရှုံးမှုနှင့် ရပ်ရွာများပျက်စီးခြင်းကြောင့်စားဝတ်နေရေးအခက်အခဲနှင့်ရင်ဆိုင်နေကြရသည်။

ရခိုင်ပြည်အတွင်းသို့ မိုခါမုန်တိုင်းတုံ့ပြန်ကူညီရေးဆိုင်ရာ သယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ဝေရေးအစီအစဥ်များကို ခွင့်ပြုချက်ရရှိပြီးဖြစ်သောကြောင့် ကယ်ဆယ်ရေးပစ္စည်းအချို့ကို ဖြန့်ဝေထားပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိအချိန်ထိ မုန်တိုင်းသင့်ဒေသခံများအတွက် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များ မြင့်မားနေဆဲဖြစ်ပြီး အကူအညီများလိုအပ်နေဆဲဖြစ်​သည်ဟု UNOCHAမှထုတ်ပြန်ထားသည်။

မြန်မာနိုင်ကံ၏ အရှေ့တောင်ပိုင်းနှင့် ကချင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများ၊ ဘေးဒဏ်သင့်ရပ်ရွာဒေသခံများကို အချိန်နှင့်တစ်ပြေးညီ အကူအညီများ ထိရောက်စွာ ပေးအပ်နိုင်ရေးကိုအဟန့်အတားဖြစ်စေသည်ဟု ဖော်ပြထားသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ သြတ်ဂုတ်လအထိ ၈ လတာ ကာလအတွင်း လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ရေးအစီအစဥ်နှင့် မိုခါမုန်တိုင်းတုံ့ပြန် ကူညီရေး အရေးပေါ်ရန်ပုံငွေသည် ၂၅ ရာခိုင်နှုန်းသာ ရရှိထားသေးသည်ဟုသိရသည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးညှိနှိုင်းရေးမှူး Martin Griffiths တို့သည် မြန်မာနိုင်ငံ၏ အခြေနေကိုလေ့လာရန်အတွက် သြဂုတ်လ ၁၄ရက်နေ့မှ ၁၇ရက်နေအထိ မြန်မာနိုင်ငံတွင် လေ့လာခဲ့သည်။

မြန်မာတိုင်ငံသို့ ဝင်ရောက်ကူညီရေး ကန့်သတ်ချက်များလျှော့ပေါ့ပေးခြင်းနှင့် ရန်ပုံငွေရရှိရေးများသည် အရေးပေါ်လိုအပ်ချက်များကိုတုံ့ပြန်ကူညီမည့်လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများအတွက် မရှိမဖြစ်လိုအပ်သည်ဟုထုတ်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်