Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာနိုင်ငံတွင် တီဘီရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာ

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၇ ရက်နေ့ထုတ်ပြန်သည့် အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် တီဘီရောဂါ ဖြစ်ပွားမှု မြင့်တက်လာသည်ဟုသိရသည်။

မြန်မာ ၊ အင်ဒိုနီးရှား ၊ဖီလစ်ပိုင်နှင့် အိန္ဒိယနိုင်ငံများတွင် တီဘီရောဂါ ဖြစ်ပွားမှုနှုန်း အဓိကမြင့်တက်လာခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

တီဘီရောဂါကြောင့် သေဆုံးရသူအရေအတွက်သည် လွန်ခဲ့သည့် ၂နစ်ကထက် ၁၄ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။

တိီဘီရောဂါကူးစကျခံရမူ စစ်ဆေးကုသဖို့အတွက် ကိုဗစ်ကပ်ရောဂါကြောင့် ခရီးသွားလာရ အခက်အခဲများစွာ ရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ မြင့်တက်လာရခြင်းဖြစ်ကြောင်း WHO ကပြောဆိုထားသည်။

၂၀၀၅ ခုနစ်မှ ၂၀၁၉ခုနစ်များအတွင်းတွင် တီဘီရောဂါကြောင့် သေဆုံးသူအရေအတွက် ကျဆင်းခဲပြီး ၂၀၁၉ခုနစ်တွင် သေဆုံးသူ ၁ ဒဿမ ၄သန်းရှိရာမှ ၂ ၀၂၁ တွင် ဒဿမ ၆ သန်းအထိ မြင့်တက်လာခဲ့သည်ဟု WHO က ထုတ်ပြန်ကြေငြာသည်။

တီဘီရောဂါမှာ ဘတ်တီးရီးယားပိုးကြောင့် ဖြစ်ခြင်းဖြစ်ပြီး၊ အဆုတ်ကို ထိခိုက်စေသော်လည်း ကာကွယ်ခြင်း ကုသခြင်း ၂ မျိုးလုံးပြုလုပ်၍ ရသောရောဂါတမျိုးဖြစ်သည်။

မြန်မာနိုင်ငံတွင် တီဘီရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ