Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုများကို ကာကွယ်သွားမည်ဟု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကတိပြု

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုများကို ကာကွယ်သွားမည်ဟု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကတိပြု

ABN-နွယ်စိုး

ဇူလိုင် ၁၁ရက်

တရုတ်-မြန်မာ နှစ်နိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းသွားသည့်နယ်မြေကို ထိန်းချုပ်ထားသော မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က တရုတ်၏ ရင်းနှီးမြုပ်နှံမှုစီမံကိန်းများကို ကာကွယ်သွားမည်ဟု ပြီးခဲ့သည်​ြ ဇွန်လ ၁ ရက်နေ့က ပူးတွဲ ထုတ်ပြန်ခဲ့ပြီး အဆိုပါကတိပြုခြင်းသည် တရုတ်နိုင်ငံ၏ ဖိအားများကြောင့် ဖြစ်သည််ဟု ဇူလိုင်က ၅ ရက်နေ့က ဧရာဝတီ သတင်းဌာနသို့ ပြောကြားခဲ့သည်။

အဆိုပါရင်းနှီးမြုပ်နှံမှု စီမံကိန်းနှင့်ပတ်သက်၍ နှောက်ယှက်ဖျက်ဆီးသူများကို ထိထိရောက်ရောက် အရေးယူသွားမည်ဟုလည်း ပြောဆိုထားသည်။

ထိုသဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူမှ မန္တလေးတိုင်း၊ မကွေးတိုင်းတို့ကို ဖြတ်သန်းသွားလာနေပြီး နောက်ဆုံးတွင် တရုတ်နိုင်ငံသို့ မဝင်ရောက်မီ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများသို့ဖြတ်သန်းရန် သွယ်တန်းထားသည့် ပိုက်လိုင်းနှစ်ခုပါဝင်သည်။

ထို့အပြင် တရုတ်နိုင်ငံမှ ရင်းနှီးမြုပ်နှံထားသည့်ကီလိုမီတာ ၈၀၀ နီးပါး ရှိသော ထိုစံမံကိန်းတွင် မြို့နယ်ပေါင်း ၂၂ ခုကို ဖြတ်သန်းထားသည်။

၄င်းအပြင် ပူးတွဲထုတ်ပြန်ချက်နှင့်ပတ်သက်လို့ တရုတ်နိုင်ငံ၏ တောင်းဆိုမှုများကြောင့် ထုတ်ပြန်လိုက်ရခြင်းဖြစ်ကြောင်း TNLAမှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ဧရာဝတီသို့ပြောသတင်းဌာနကို ပြောကြားသည်။

“ကျွန်တော်တို့ လှုပ်ရှားနေတဲ့ နယ်မြေတွေဟာ တရုတ်နဲ့ နယ်နမိတ်ချင်း အတော်လေး နီးကပ်နေပြီး ဖြစ်တဲ့အတွက် တရုတ်က အခုအချိန်တင်မကပဲ တစ်ချိန်လုံး အကာအကွယ်ပေးဖို့ တောင်းဆိုနေပါတယ်” ဟု ၄င်းကဆိုသည်။

ထို့အပြင် တရုတ်-မြန်မာ နှစ်နှိင်ငံကြား ကုန်သွယ်မှု မထိခိုက်စေရန်၊ နယ်စပ်အနီးတိုက်ပွဲများ ရှောင်ရှားရန်တို့ကို တရုတ်က မဟာမိတ်အဖွဲ့များအား တောင်းဆိုထားကြောင်း ဒုဗိုလ် မိုင်းအိုက်ကျော်က ဆက်ပြောသည်။

မြန်မာနိုင်ငံအလယ်ပိုင်းရှိ တော်လှန်ရေးအဖွဲ့များက မြန်မာနိုင်ငံအတွင်းမှ တရုတ်စီမံကိန်းများနှင့် ပရောဂျက်များကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားသောကြောင့် ထိုတိုက်ခိုက်ခြင်းမှ ရှောင်ကြည်ရန် တော်လှန်ရေးအဖွဲ့များအား အကြောင်းကြားစာ ဖြစ်နိုင်သည်ဟု နိုင်ငံရေးလေ့လာသူများက ခန့်မှန့်ထားသည်။

MNDAA၊ TNLA နှင့် AA တို့မှာ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဖြစ်သည်။

အဆိုပါ မဟာမိတ်သုံးဖွဲ့စလုံးသည် စစ်အစိုးရကို တိုက်ခိုက် ဆန့်ကျင်နေသည့် တော်လှန်ရေး အဖွဲ့များကို အကူအညီပေးနေကြသော်လည်း ၄င်းတို့သည် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုအောင်တွင် ရှိနေသည်။

ပြီးခဲ့သည့် ဇွန်လက ထို မဟာမိတ်ညီနောင်သုံးဖွဲ့သည် တရုတ်နိုင်ငံ၏ တောင်းဆိုမှုများကြောင့် စစ်အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသော်လည်း ဆွေးနွေးပွဲမအောင်မြင်ခဲ့ပေ။

Ref-The Irrawaddy -Three Ethnic Armies Pledge to Protect Chinese Investment in Myanmar ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မပြီးမြောက်သေးသည့် တစ်နိုင်ငံလုံးအတိုင်းအတာ တော်လှန်ရေးခရီးပန်းတိုင်နှင့် သက်ဆိုင်ရာလူမျိုးနှင့် ဒေသတို့၏ အန္တိမပန်းတိုင်သို့ ရက္ခိုင့်တပ်တော်နှင့်အတူ တက်လှမ်းသွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် PSLF/TNLA နှင့် MNTJP/MNDAA ဆို
စစ်ကောင်စီ၏ ဖိနှိပ်မှုဒဏ်ကို မျိုးဆက်တစ်ခုပြီးတစ်ခု ခံစားခဲ့ရသော မြန်မာပြည်သူလူထု၏ နိုင်ငံရေးရည်မှန်းချက်များကို မည်သည့်အခါမှ လျစ်လျူရှုသွားမည် မဟုတ် ဟု ညီနောင် ၃ ဖွဲ့ ထုတ်ပြန်