Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာနိုင်ငံတွင် စစ်မှုမထမ်းမနေရ ဥပဒေကို အာဏာသိမ်းစစ်ကောင်စီကြေညာ

မြန်မာနိုင်ငံတွင် စစ်မှုမထမ်းမနေရ ဥပဒေကို အာဏာသိမ်းစစ်ကောင်စီကြေညာ

AB News-ဖေဖော်ဝါရီလ ၁၀၊ ၂၀၂၄

မြန်မာနိုင်ငံတွင် စစ်မှုမထမ်းမနေရ ဥပဒေကို စတင်အသက်ဝင်ပြီဖြစ်ကြောင်း ယနေ့  ဖေဖော်ဝါရီလ ၁၀နေ့တွင် အာဏာသိမ်းစစ်ကောင်စီကြေညာခဲ့သည်။

အဆိုပါဥပဒေမှာ ယခင်စစ်အာဏာရှင်ဟောင်းဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်တွင် ပြဌာန်းခဲ့သော စစ်မှုမထမ်းမနေရပြည်သူ့စစ်မှုထမ်းဥပဒေဖြစ်ပြီး ယနေ့ ဖေဖော်ဝါရီလ ၁၀နေ့တွင်
စတင်ကာ အသက်ဝင်ပြီဖြစ်သည်ဟု စစ်ကောင်စီပိုင် ရုပ်မြင်သံကြားက ကြေညာခဲ့သည်ကို တွေ့ရသည်။

စစ်မှုထမ်းရန် ငြင်းဆိုပြီး ထွက်ပြေးတိမ်းရှောင်ပါက ထောင်ဒဏ် ၅ နှစ်ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။

၂၀၁၀ ခုနှစ်မှ ပြဌန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေတွင် အမျိုးသားဆိုပါက အသက် ၁၈နှစ်မှ အသက် ၃၅နှစ် မပြည့်သည့် နိုင်ငံသားတိုင်းပါဝင်ပြီး အမျိုးသမီးများကို အသက် ၁၈ နှစ်နှင့် အသက် ၂၇ နှစ် မပြည့်သေးသည့် နိုင်ငံသားတိုင်းပါဝင်ကြောင်း သိရသည်။

ထို့အပြင် ကျွမ်းကျင်သူများဖြစ်ပါက အမျိုးသားမှာ  အသက် ၁၈ နှစ် နှင့် အသက် ၄၅ နှစ် မပြည့်သေးသည့်  နိုင်ငံသားများနှင့် အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်နှင့် အသက် ၃၅ နှစ် မပြည့်သေးသည့် နိုင်ငံသားများ ပါဝင်သည်။

ကျွမ်းကျင်သူများမှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာတတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာတစ်ခုခုဖြင့် အသက်မွေးဝမ်းကျောင်းနေသူများဖြစ်ကြောင်း ဖော်ပြထားပါသည်။

အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံအနှံ့အပြားတွင် စစ်ရှုံးလျက်ရှိပြီး ပြည်သူလူထုတစ်ရပ်လုံး၏ တော်လှန်ပုန်ကန်မှုကို ခံယူနေရသည်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ