သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ် ၁၇ ဦးတွေ့ရှိ

AB News – ဇွန် ၃ ၊ ၂၀၂၅
ချန်ဒြာ

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၇ ဦးတွေ့ရှိကြောင်း မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar CDC) က ဇွန်လ ၂ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ကျန်းမာရေးဝန်ကြီးဌာနက မေလ ၂၅ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ ည (၈) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲမှုစုစုပေါင်း (၁၇၇၈) ခုအား စစ်ဆေးခဲ့ရာ ကိုဗစ်- ၁၉ အတည်ပြုလူနာသစ် ၁၇ ဦးအထိ ရှိကြောင်း ဆိုသည်။

ရောဂါပိုးတွေ့ရှိသူများမှာ ရန်ကုန်မြို့ထဲက လှိုင်၊ ကမာရွက်၊ မရမ်းကုန်း၊ အလုံ၊ ရွှေပြည်သာ၊ ဗိုလ်တထောင်၊ ဆိပ်ကြီးနောင်တို၊ ပုဇွန်တောင်၊ ပန်းပဲတန်း၊ သင်္ဃန်းကျွန်း၊ လှိုင်သာယာ နဲ့ ဒဂုံမြို့သစ် (မြောက်ပိုင်း) တို့ကဖြစ်ကြောင်း ဆိုသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း ကိုဗစ်အတည်ပြုလူနာ ၉ ဦးအထိတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မေလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၂၆ ဦးအထိ ရှိနေပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

သို့သော်လည်း ပြင်းထန်လူနာ ၊ အထူးကြပ်မတ်ကုသမှုပေးရသော လူနာနှင့် ကိုဗစ်- ၁၉ ရောဂါဖြင့် သေဆုံးသူ မရှိသေးကြောင်း ဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်