
ABN-ထက်မြတ်ခင်
ဇူလိုင် ၁၃ရက်
မြန်မာပြည်တဝှမ်းတွင် ၂၀၂၁ခုနစ်က စစ်တပ် အာဏာသိမ်းပြီးနောက် (၈၉၂)ရက်တွင်း စစ်ကောင်စီ၏သတ်ဖြတ်ခြင်းခံရသူ ၃၇၈၅ဦးအထိရှိလာပြီဖြစ်ကြောင့် AAPP၏ ဇူလိုင်လ ၁၂ရက်နေ့ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
၎င်းအပြင် ဖမ်းဆီးခံရသူ ၂၃၈၀၂ဦးရှိခဲ့ပြီး ပြန်လည်လွတ်မြောက်လာသူ ၄၃၇၅ဦးသာရှိခဲ့သည်ဟုလည်းဖော်ပြထားသည်။
အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့ကာ မွန်ပြည်နယ်တွင်လည်းကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀) ကျော်အထိရှိခဲ့သည်။
ထို့အပြင် မွန်ပြည်နယ်က ဖမ်းဆီးခံရသူ ၄၀၀ ကျော်တွင် ၂၀၀ကျော်မှာ ယခုလအတွင်းပြန်လည်လွတ်မြောက်လာခဲ့သည်။