Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာတွင် ကိုဗစ်-၁၉ ရောဂါသစ် ဓာတ်ခွဲအတည်ပြုလူနာ ၇၁ ဦးတွေ့ရှိ

မြန်မာတွင် ကိုဗစ်-၁၉ ရောဂါသစ် ဓာတ်ခွဲအတည်ပြုလူနာ ၇၁ ဦးတွေ့ရှိ

ABN-မေအိအိအောင်

မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါသစ် ကူးစက်မှုဖြစ်ပေါ်နေသည့်အပေါ် စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ ကိုဗစ်-၁၉ မျိုးကွဲဗီဇ ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၇၁ ဦးတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ချက်အရသိရသည်။

ဧပြီ ၂၄ ရက်နှင့် ၂၅ ရက်အတွင်း ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါနမူနာ ၁၅၂၁၃ ခု၏ ဓာတ်ခွဲအတည်ပြုချက်အရ လူနာသစ် ၇၁ ဦးတွေ့ ရှိပြီး ရောဂါကူးစက်နှုန်း ၀ ဒဿမ ၄၇ ရာခိုင်နူန်း တွေ့ရှိကြောင်း စစ်ကောင်စီကျန်းမာရေးဝန်ကြီး ဌာနမှယမန်နေ့က ထုတ်ပြန်လိုက်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် မျိုးရိုးဗီဇပြောင်း XBB.1.16(Arcturs) သည် ဧပြီ ၁၉ ရက်နေ့မှ ၂၃ ရက်အတွင်း ကူးစက်မှုလူနာသစ် ၁၂၉ အထိရှိခဲ့ပြီး ဧပြီ ၁၉ ရက်နေ့က ၃၉ ဦး၊ ၂၀ ရက်နေ့က ၃၀ ဦး၊ ၂၁ ရက်နေ့က ၁၅ ဦးနှင့် ၂၃ ရက်နေ့က ၄၅ ဦးတွေ့ရှိခဲ့ကြောင်းလည်း ကျန်းမာရေးဝန်ကြီးမှ ထုတ်ပြန်ခဲ့သည်။

ရောဂါမျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါသည် အခြားအိုမီခရွန်မျိုးကွဲများထက် ၁ ဒသမ ၇၄ အထိ ကူးစက်မှု ပိုမြန်သော်လည်း ရောဂါလက္ခဏာအားဖြင့် ပြင်းထန်မှုမရှိကြောင်းသိရသည်။

လက်ရှိဖြစ်ပေါ်နေသော ဗီဇပြောင်း ကိုဗစ်-၁၉ ကို လက်ရှိအသုံးပြုနေသသော ကိုဗစ်ကာကွယ်ဆေးများဖြင့် ရောဂါသစ်ကူးစက်ဖြစ်ပွားမှုကို ကာကွယ်နိုင်ကြောင်းသိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံအပြင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် အပါအဝင် နိုင်ငံပေါင်း ၃၁ နိုင်ငံတွင် မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားလျက်ရှိကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ပြန်လည်ဖြစ်ပွားသောကြောင့် ကာကွယ်ဆေးများကို ဂရုတစိုက် စနစ်တကျ ထိုးနှံရန် ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးထားသည်။

ရခိုပြည်တွင် ကိုဗစ် ဒုတိယလှိုင်းနှင့် တတိယလှိုင်းအတွင်း ကိုဗစ်ရောဂါအတည်ပြုလူနာ ၉၀၀၀ ကျော်တွေ့ရှိခဲ့ပြီး သေဆုံးသူ ၅၄၀ ဦးရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ