Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြန်မာကို နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့က Blacklist စာရင်းသွင်း

နိုင်ငံတကာ ငွေကြေးခဝါချမှုဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့ (FATF) က မြန်မာနိုင်ငံကို အမည်ပျက်စာရင်း (Blacklist) တွင် ထည့်သွင်းသတ်မှတ်ပြီး အရေးယူဆောင်ရွက်လိုက်သည်။

ကမ္ဘာ့ဘဏ်နဲ့ အင်တာပိုနိုင်ငံတကာရဲတပ်ဖွဲ့အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံပေါင်း ၂၀၀ ကျော်က ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည့် ယနေ့ကျင်းပခဲ့သည့် FATF အစည်းအဝေးအပြီးတွင် မြန်မာနိုင်ငံကို ယခုကဲ့သို့ အမည်ပျက်စာရင်းတွင် ထည့်သွင်းကြောင်း သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ယခင်က FATF ၏ အမည်ပျက်စာရင်းတွင် မြောက်ကိုးရီးယားနိုင်ငံနှင့် အီရန်နိုင်ငံတို့သာ ရှိခဲ့သည်။

ယနေ့ကျင်းပခဲ့သည့်အစည်းအဝေးကို မြန်မာနိုင်ငံမှ ဗဟိုဘဏ်နှင့် ပြည်ထဲရေးအရာရှိများလည်း တက်ရောက်ခဲ့ကြသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံကို အမည်ပျက်စာရင်းသတ်မှတ်လိုက်သောကြောင့် နိုင်ငံခြားအထောက်အပံ့နှင့် နယ်စပ်စီးပွားရေးကို ထိခိုက်ပျက်စီးစေနိုင်ပြီး အကျိုးဆက်အားဖြင့် သာမာန်ပြည်သူတွေရဲ့ဘဝကို ထိခိုက်လာနိုင်မယ်လို့ ကျွမ်းကျင်ပညာရှင်များက သတိပေးပြောကြားထားကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်