Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မော်လမြိုင်မှာ ရေကြီးရေလျှံဖြစ် ထိခိုက်ဒဏ်ရာရသူများရှိနေပြီး လူအများအပြား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရ

ABN-ထက်မြတ်ခင်

ဇူလိုင် ၁၉ရက်

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဇူလိုင် ၁၈ ရက်နေ့ကတည်းက မိုးသည်းထန်စွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားနေသည့်အတွက် ထိခိုက်ဒဏ်ရာရသူများရှိနေပြီး လူအများအပြားအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရသည်ဟုသိရသည်။

ယနေ့ ဇူလိုင် ၁၉ ရက်နေ့ မနက်ပိုင်းတွင်လည်း မိုးသည်းထန်စွာ ရွာသွန်း‌ခဲ့သည့်အတွက် မော်လမြိုင်မြို့ ညောင်ပင်ဆိပ်ရပ်ကွက်မှာ အဆောက်အဦး အုတ်တံတိုင်းပြိုကျခဲ့ပြီး လူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာမီးသတ်ဌာန ထုတ်ပြန်ချက်အရ သိရသည်။

ထိုလူ၂ဦးကို နယ်မြေမီးသတ်စခန်းများမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ပိမိနေသောလူနာ(၂)ဦး(မစိုးရိမ်ရ)အား ကယ်ထုတ်နိုင်ခဲ့ပြီး မွန်မြတ်သောနှလုံးသားပိုင်ရှင်လူမှုကယ်ဆယ်ရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

Photos-MFSD

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ