Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့နယ် ပန်းတောပြင်တံတားကို စစ်ကောင်စီနှင့် အစွန်းရောက်ဘင်္ဂလီများမိုင်းခွဲဖျက်ဆီး
စစ်ကောင်စီ နှင့် အစွန်းရောက်ဘင်္ဂလီများ မိုင်းခွဲဖျက်ဆီးထားသည့် ပန်းတောပြင်တံတားအား တွေ့ရစဥ်

( တံတားကင်းစခန်းမှ စစ်ကောင်စီတပ်သား ၃၀ခန့် တပ်ဆုတ်ပြေး)

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်၊ ပန်းတောပြင်တံတားကို စစ်ကောင်စီနှင့် အစွန်းရောက်ဘင်္ဂလီများမိုင်းခွဲဖျက်ဆီးခဲ့ပြီး တံတားအနီးကင်းစခန်းမှ စစ်ကောင်စီ တပ်သား ၃၀ ခန့် စခန်းဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သတင်း ရရှိသည်။

မောင်တောမြို့၊ မြို့သူကြီးအခြေစိုက် နခခ ( ၅) တွင် အခြေပြုနေထိုင့် စကခ ၁၅ လက်အောက်ခံ စစ်ကောင်စီတပ်သား ၂၀ ဦးနှင့် မူဆလင် ၃၀ ဦးတို့သည် ယနေ့ မေလ ၉ ရက် နံနက် ၁ နာရီတွင် တံတားကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

” စကခ ၁၅ က စစ်ကောင်စီတပ်သားတွေက မြို့သူကြီးနခခ ၅ ကို ထွက်ပြေးသွားတယ်။ ဒီစစ်​ကောင်စီတပ်သားတွေနဲ့ လက်နက်ကိုင်မူဆလင်တွေ လူ ၅၀ လောက်က ပန်းတောပြင်တံတားကို မိုင်းခွဲ ဖျက်ဆီးလိုက်ပါတယ်။ တံတားပေါ် ကင်းစခန်းက စစ်ကောင်စီတပ်သားတွေလည်း ပြေးသွားကြပြီ “ဟုဆိုသည်။

တံတားတွင်ပေါ်၌ ကင်းစခန်းမှ နခခ ( ၄)လက်အောက်ခံ စစ်ကောင်စီတပ်သားများလည်း မကျည်းချောင်းနယ်မြေ စခန်းသို့ ထွက်ပြေးသွားကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

အဆိုပါ မိုင်းခွဲခံရသည့် ပန်းတောပြင်တံတားမှာ အလျား( ၂၅၀) ပေ၊ အနံ ( ၁၂) ပေခန့်ရှိသော ကွန်ကရစ်ခင်းတံတားအမျိုးအစားဖြစ်ကြောင်း သိရသည်။

ယမန်နေ့ မေလ ၈ ရက်၊ နံနက် ၇ နာရီ ၃၀ မိနစ်တွင်မြို့သူကြီးအခြေစိုက် စစ်ကောင်စီတပ်သား ၃၀ ခန့်က ၃ မိုင်/ ကျီးကန်းပြင်ကားလမ်းမအထက် ဇူလမှုရွာအနီးရှိ အလျား ( ၁၀၀) ပေ၊ အနံ ( ၁၂) ပေရှိသည့် ၃ မိုင်သံတံတားကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့အပြင် မေလ ၇ ရက်၊ ညဥ့် ၁၂ ရီအချိန်တွင် ၃ မိုင် မောင်တောကားလမ်းနှင့် ဇူလရွာသို့ ဆက်သွယ်ဖောက်လုပ်ထားသည့် အလျား ( ၁၆) ပေ၊ အနံ ( ၁၂) ပေရှိသော ကံကျမြောက်ရွာ ကွန်ကရစ်တံတားကိုလည်း ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

အလားတူ အကြမ်းဖက်စစ်ကောင်စီနှင့် စစ်သွေးကြွမူဆင်လင်များသည် ပြီးခဲ့သည့် မေလ ၆ ရက် ညဥ့် ၁၂ နာရီတွင်လည်း မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာအုပ်စု ဂေါင်ညာရွာ – လဘော်ဇားရွာကြား အလျား ( ၅၀၀) ပေ၊ အနံ ( ၁၂ )ပေ ရှိသော ကွန်ကရစ်တံတားကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်းသိရသည်။

လက်ရှိတွင် အကြမ်းဖက် စစ်ကောင်စီသည် မောင်တောမြို့နယ်အတွင်း ပြည်သူများအသုံးပြုသွားလာသည့် တံတား ၄ စင်းကိုမိုင်းခွဲဖျက်ဆီးထားသည်ကို တွေ့ရသည်။မောင်တောတွင်လည်း အာရက္ခတပ်တော်က နခခ ၅ အနီးထိ ထိုးစစ်ဆင်တိုက်ခိုက်လာမှုကြောင့် ၂ ဖက် စစ်ရေးပြင်းထန်လျက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ