သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့နယ်ရှိ ခမောင်းဆိပ်ဗျူဟာ AA သိမ်းပိုက်

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ် အခြေစိုက် ခမောင်းဆိပ်ဗျူဟာကို AA ကအပြီးသတ် သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း ဒေသခံများကပြောသည်။

အာရက္ခတပ်တော်မှ ခမောင်းဆိပ်ဗျူဟာအား ယနေ့ ဧပြီလ ၁၄ ရက်နေ့မနက်ပိုင်းတွင် အရှိန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်စဥ် စစ်ကောင်စီတပ်သားများ ကစဥ့်ကလျားထွက်ပြေးသွားခဲ့ကြောင်း ငါးခူရ ဒေသခံတစ်ဦးက AB News သို့ပြောသည်။

” ဒီနေ့မနက်ပိုင်းက AA အရှိန်မြှင့်ပြီးတိုက်ခိုက်တာတွေ့ရတယ်။ စစ်ကောင်စီတပ်သားတွေလည်း သေမှာကြောက်ပြီး အကုန်လုံး ပြေးနေကြတယ်။ AA ကတော့ ဗျူဟာကို သိမ်းပိုက်လိုက်ပါပြီ “ ဟု ဆိုသည်။

၎င်းဗျူဟာကုန်းမှ လက်နက်ဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့များကို အာရက္ခတပ်တော်က လိုက်လံချေမှုန်းလျက်ရှိနေ ကြောင်း သိရသည်။

ခမောင်းဆိပ်ဗျူဟာစခန်းသည် တမန်းသားဗျူဟာနှင့် အောင်သပြေစခန်းကြားတွင်ရှိသည့် ဗျူဟာဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့ကလည်း ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး မင်းစိုး နှင့် ဒုဗိုလ်မှူးကြီး ရဲမှူးကြီး ဝင်းမြင့်အောင်တို့ ဦးဆောင်သည့် ကြိမ်ချောင်းဗျူဟာအား အာရက္ခတပ်တော်က အပြီးပိုင် သိမ်းပိုက်နိုင်ခဲ့သည်ကို တွေ့ရသည်။

လက်ရှိတွင် အာရက္ခတပ်တော်သည် အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ချအညံ့မခံသေးသော နပခ၊ အမ်းဌာနချုပ်၊ ဘူးသီးတောင်၊ စကခ (၁၅) ဌာနချုပ် နှင့် တောင်ကုတ်၊ စကခ (၅) အပါအဝင် လက်ကျန်စခန်းတိုင်းကို တစ်ခုမကျန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း ဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ