သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့နယ်တွင် မိုင်းနင်းမိ၍ ပြည်သူတစ်ဦးခြေတစ်ဖက်ပြတ်ထွက်သွား

AB News – ဒီဇင်ဘာ ၃၀၊ ၂၀၂၅
ချန်ဒြာ

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးတွင် မိုင်းနင်မိ၍ အသက် ၂၀ ကျော်အရွယ်လူငယ်တစ်ဦး ခြေတစ်ဖက်ပြတ်ထွက်သွားခဲ့ကြောင်း သိရသည်။

မြေမြှုပ်မိုင်းနင်းမိ၍ ဒဏ်ရာရရှိသွားသူမှာ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှ မောင်တောမြို့နယ်တွင် အလုပ်လုပ်ကိုင်လျှက်နေထိုင်နေသူ အသက် ၂၅ နှစ်အရွယ် ကိုမျိုးလင်းစိုး ဖြစ်ကြောင်းသိရသည်။

၎င်းသည့် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်နေ့၊ နေ့လယ် ၂ နာရီအချိန်ခန့်တွင် သူငယ်ချင်း ၂ ဦးနှင့်အတူ ဘင်္ဂလားဒေ့ရှ်နယ်စပ် နယ်စပ်မျဉ်း မိုင်တိုင်အမှတ် ၅၀ အနီးတွင် တောကြတ်ထောင်ရန်သွားစဉ် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဘယ်ဘက်ခြေထောက်ပြတ်ထွက်သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ၎င်းမှာ အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်၊ ညနေပိုင်းတွင်လည်း မောင်တောမြို့နယ်၊ ငန်းချောင်းမြောက်ရွာမှ ကျွဲတမရွာရှေ့ဘက်တွင် ကျွဲကျောင်းနေစဉ် မြေမြှုပ်မိုင်းနင်းမိ၍ အသက် ၅၅ နှစ်အရွယ် ဦးအဘူလာချိန်း သေဆုံးသွားခဲ့ရသည်။

နိုဝင်ဘာ ၁၄ ရက်ကလည်း မောင်တောမြို့နယ်၊ ခုန်တိုင်ကျေးရွာမှ အသက် (၄၂) နှစ်အရွယ် မြိုလူမျိုး ဦးဒေါင်ရွိုင်မှာ တောင်ပေါ်သို့ဝါးခုတ်ရန်သွားစဉ် မိုင်းနင်းမိ၍ သေဆုံးသွားခဲ့သည်။

ရခိုင်တွင် မြေမြှုပ်မိုင်းကြောင့် ဒေသခံများမှာ ခြိမ်းခြောက်မှုတစ်ခုဖြစ်နေပြီး အထူးသဖြင့် လယ်ယာနှင့် တောတောင်ကို အမှီပြုလုပ်ကိုင်စားသောက်နေကြသူများမှာ ထိုအန္တရာယ်ကို ပိုကြုံတွေ့နေကြရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ