Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့ထဲတွင် စစ်ကောင်စီတပ်သားများ သေနတ် ၂ကြိမ်ထက်မနည်း ​ခြောက်လှန့်ပစ်ခတ်ပြီး မြို့ခံလူငယ် ၄ဦးကို ဖမ်းဆီးသွား

မောင်တောမြို့တွင် စစ်ကောင်စီတပ်သားများသည် မြို့အတွင်း၌ သေနတ် ၂ကြိမ်ထက်မနည်း ​ခြောက်လှန့်ပစ်ခတ်ခဲ့ပြီး ယနေ့ ဧပြီလ ၂၃ရက်၊ ညနေ ၅နာရီခန့်အချိန်တွင် မြို့ခံလူငယ် ၄ဦးကို ဖမ်းဆီးသွားကြောင်း မြို့ခံများက အတည်ပြုပြောဆိုသည်။

“​မောင်တောမြို့မဈေးအနီးတွင် ဈေးရောင်းနေတဲ့ ကိုကျော်စိုးဝေ ကို ဖမ်းဆီးခဲ့တယ်။ ကိုကျော်စိုးဝေဟာ သူ့ရဲ့ အိမ်ဈေးဆိုင်မှာ ဈေးရောင်းနေတာပါ။ အဲ့ဒါကို စစ်ကောင်စီတပ်သားများက လက်နက်ပြ ခြိမ်းခြောက်ဖမ်းဆီးသွားတယ်” လို့ ဆိုသည်။

ကိုကျော်စိုးဝေ အပါအဝင် အခြားမြို့ခံ လူငယ် ၃ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ ညနေ ၅နာရီခန့်အချိန်တွင် မြို့သူကြီး နခခ ၅မှ စစ်ကောင်စီတပ်သားများနှင့် လက်နက်ကိုင် ဘင်္ဂလီမူဆလင်များသည် မောင်တောမြို့အတွင်း၌ လက်နက်ငယ်များ ခြောက်လှန့်ပစ်ခတ်ပြီး မြို့ခံလူငယ် ၄ဦးကို ဖမ်းဆီးခဲ့သည်ဟု မြို့ခံ ၁ဦးက AB News သို့ ပြောသည်။

“စစ်ကောင်စီတပ်သားတွေဟာ မြို့အတွင်းသို့ ကားစီးပြီးဝင်လာကြတယ်။ ခဏကြာတော့ လက်နက်ငယ်တွေ ရမ်းသမ်း ပစ်ခတ်ကြတယ်။ လူငယ် ၄ဦးထက်မနည်း ဖမ်းဆီးသွားတယ်လို့ ကြားသိရပါတယ်” ဟု ဆိုသည်။

ကိုကျော်စိုးဝေ အပါအဝင် လူငယ် ၄ဦးအား မောင်တောမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။

မောင်တောမြို့ခံသားများမှာ အကြမ်းဖက်စစ်ကောင်စီအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေမှုများနှင့် မြို့ခံများကို နေ့စဉ်ရက်ဆက် ဖမ်းဆီးနှိပ်စက်နေသည့်အတွက် လွန်စွာစိုးရိမ် ကြောက်ရွံနေကြသည်ဟု  မြို့ခံ ၁ဦးက ပြောဆိုသည်။

“မြို့ထဲဝင်ပြီး အကုန်လုံးကို ပစ်သတ်ခဲ့ရင်လည်း ဘာတစ်ခုမှ မတတ်နိုင်တဲ့အနေအထားဖြစ်နေပါတယ်” ဟု ဆိုသည်။

လက်ရှိတွင် ရက္ခိုင်ပြည် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောမြို့များတွင် စစ်ကောင်စီနှင့် အပေါင်းပါ ARSA၊ ARA ၊ RSO နှင့် စစ်ကောင်စီက သင်တန်းပေး လက်နက်တပ်ဆင်ပေးထားသည့် အကြမ်းဖက် မူဆလင်များ လက်နက်ပြ ခြိမ်းခြောက် အကြမ်းဖက်မှုများ ရှိနေသည့်အတွက် ဒေသခံများ စိုးရိမ်ကြောက်လန့် နေကြရသည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ