သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့တွင် စွန့်ပစ်အမှိုက်များမှ မီးလောင်မှုဖြစ်ပွား

AB News – မတ် ၂၃၊ ၂၀၂၅

မောင်တောမြို့၊ ရွှေဇားတံတားအောက်ရှိ စွန့်ပစ်အမှိုက်များမှ မတ်လ ၂၂ ရက်၊ ည ၈ နာရီ ၂၀ မိနစ်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖုန်းလိုင်းအသုံးပြုရန် တံတားပေါ်သို့ လာရောက်သူများနှင့် အရက်သေစာ သောက်စားထားသူများ၏ ပေါ့ဆမှုများကြောင့် ဆေးလိပ်မီးမှ မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

မောင်တောမြို့နယ်ရှိ အာရက္ခမီးသတ်တပ်ဖွဲ့နှင့် ပြည်သူများ ပူးပေါင်းကာ မီးငြိမ်းသတ်နိုင်ခဲ့သည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း မောင်တောမြို့၊ ၃ မိုင်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဘတ်ဟိုး ၂ စီး ပျက်စီးခဲ့သည်။

ပလက်ဝ၊ မြောက်ဦး၊ မင်းပြား၊ မောင်တော နှင့် ပေါက်တောမြို့တို့တွင် မီးလောင်မှုများ မကြာခဏဖြစ်ပွားနေသည်။

နွေရာသီ အပူချိန်လွန်ကဲမှုများကြောင့် မြို့၊ ကျေးရွာများအတွင်း မီးလောင်ကျွမ်းမှုများ မကြာခဏဖြစ်ပွားနေသဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် မီးသတိပေးစကားများ ကို ULA/AA နှင့် ပြည်သူလူထုများ ပူးပေါင်းလုပ်ဆောင်နေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ