သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် အေအေ တပ်ဖွဲ့ဝင်များ မိုင်းရှင်းလင်းရေး ပြုလုပ်ရာ မိုင်း ၈၀ နီးပါး သိမ်းဆည်းရ

AB News – ဇန်နဝါရီ ၂၃၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်တွင် အာရက္ခတပ်တော်(AA) မိုင်းရှင်းလင်းရေး ပြုလုပ်ရာ M-14 မိုင်း ၇၈ လုံး သိမ်းဆည်းရမိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့ ၂ ရက်အတွင်း မောင်တောမြို့၊ အမှတ် ၇၆၆ တပ်ရင်းနှင့် မောင်တောမြို့ပေါ်ကို ရေပေးဝေးနေသည့် မြကံသာဆည်အနီးဝန်းကျင်နှင့် ကားလမ်းမအချို့ကို ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကော်မရှင်နှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲများအတွင်း စစ်ကော်မရှင်က ၎င်းတို့ တပ်စွဲထားသည့် တပ်စခန်းများအပါအဝင် အရပ်သားပြည်သူများနှင့် နီးစပ်သောနေရာများ၊ တောင်တန်းများ၊ ယာခင်းများနှင့် လယ်ကွင်းများတွင် မြေမြှုပ်မိုင်းများကို ရည်ရွယ်ချက်ရှိရှိ မိုင်းထောင်ထားခဲ့ကြကြောင်း ဒေသခံများကဆိုကြသည်။

ထို့ပြင် ARSA၊ ARAနှင့် RSO စသည့် အစ္စလာမ်မစ်အစွန်းရောက် အဖွဲများကလည်း ဒေသခံပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ရွာများကိုပါ မြေမြှုပ်မိုင်းများ ထောင်ခြင်းနှင့် ဒေသခံများအား ခြုံခိုတိုက်ခိုက်ခြင်းများကို လုပ်ဆောင်လျှက်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့ အထိ ရက္ခိုင်တွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၂၁ ဦး သေဆုံးခဲ့ပြီး ၈၁ ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ