သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် အာရက္ခတပ်တော်နှင့် ARSA အကြမ်းဖက်အဖွဲ့တို့ ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွား

AB News – ဧပြီ ၂၈၊ ၂၀၂၅

ရက္ခိုင်-ဘင်္ဂလာနယ်စပ် မောင်တောမြို့နယ်တွင် အာရက္ခတပ်တော် (AA)နှင့် ARSA အကြမ်းဖက်အဖွဲ့တို့ ယမန်နေ့ ဧပြီလ ၂၇ ရက်၊ ညနေပိုင်းအချိန်တွင် ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက AB News သို့ ပြောဆိုသည်။

အာရက္ခတပ်ဖွဲ့ဝင်များနှင့် ARSA အကြမ်းဖက်အဖွဲ့ဝင်များသည် မောင်တောမြို့နယ်၊ ပြားသားကျေးရွာအနီးတွင် ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ပြားသားကျေးရွာသား တစ်ဦးက ဆိုသည်။

“ကျနော်တို့ ရွာနားကို ARSA အကြမ်းဖက်တွေ ဝင်လာတဲ့အချိန်မှာ အေအေတပ်ဖွဲ့ဝင်တွေနဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ မနေ့ ညနေက သေနပ်ပစ်ခတ်သံတွေ ကြားရပါတယ်” ဟု ဆိုသည်။

ထိတွေ့ပစ်ခတ်မှုအတွင်း နှစ်ဖက်စလုံးမှ အသေအပျောက် ရှိ/ မရှိကို မသိရသေးပေ။

မောင်တောမြို့နယ်အတွင်း ARSA အကြမ်းဖက်အဖွဲ့သည် ဒေသခံပြည်သူများကို ချုံခိုတိုက်ခိုက်မှုအပါအဝင် ဖမ်းဆီး၊ သတ်ဖြတ်နေသောကြောင့် ဒေသခံပြည်သူများမှာ လွန်စွာ စိုးရိမ်နေကြကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

“ဒေသခံတွေဟာ ခရီးမသွားဝံ့တော့ဘူး။ ARSA အဖွဲ့က ဘယ်အချိန်မှာ တိုက်ခိုက်လာမယ်ဆိုတာကို မသိဘူးလေ။ ပြည်သူတွေ မကြာခဏ သတ်ဖြတ်ခံနေရတော့ ကြောက်ရွံ့နေကြပါတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့၊ နံနက် ၇ နာရီခန့်တွင်မောင်တောမြို့နယ်၊ မြဝတီကျေးရွာမှ ခရီးသွားပြည်သူ ခမီလူမျိုး ၄ ဦးကို ARSA အဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ