သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် စစ်သွေးကြွ မူဆလင် RIM စခန်း ၂ ခုကို လက်နက်ခဲယမ်းများနှင့်အတူ AA တွေ့ရှိ

AB News – သြဂုတ် ၁၉၊ ၂၀၂၅
နွယ်စိုး

ရက္ခိုင်ပြည်၊ မောင်တောမြိုနယ်တွင် အာရက္ခတပ်တော် (AA) က စစ်သွေးကြွ မူဆလင် လက်နက်ကိုင်အဖွဲတစ်ခုဖြစ်သည့် Rohingya Islami Mahaaz (RIM) အဖွဲ၏ စခန်း ၂ ခုကို လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၇ နာရီခွဲခန့်က AA တပ်ဖွဲဝင်များသည် မောင်တောမြိုနယ်ရှိ ဘောဒီလီရွာဟောင်း၏ အရှေ့ဘက် တောင်ကြားများတွင် အကြမ်းဖက် များကို လိုက်လံရှာဖွေခဲ့သည်။

ထိုသို့ရှင်းလင်းစဉ် နံနက် ၉နာရီ ၁၁ မိနစ်တွင် စစ်သွေးကြွ မူဆလင် RIM အဖွဲ့ဝင် ၈ ဦးခန့် ယာယီစခန်းချခဲ့သည့် စခန်းတစ်ခုကို လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက AB News သို့ ပြောသည်။

“ ၉ နာရီ၁၁ မိနစ်လောက်မှာ AA က တော၊တောင်တွေကို လိုက်လံရှာဖွေတယ်။ အကြမ်းဖက် မူဆလင် RIM စခန်းချခဲ့တဲ့ စခန်းတစ်ခုကို လက်နက်ခဲယမ်းတွေနဲ့အတူ တွေ့ခဲ့တယ်။ တပ်ဖွဲ့ဝင်တွေတော့ မရှိဘူး” ဟု ဆိုသည်။

ယင်းနောက် နေ့လယ် ၁၂နာရီ ၁၄ မိနစ်တွင် ပထမစခန်း၏ အရှေ့မြောက်ဘက် မီတာ ၄၈၀ ခန့်အကွာ၌ စစ်သွေးကြွ RIM အဖွဲ့ဝင် ၇ ဦးခန့် စခန်းချခဲ့သော နောက်ထပ်စခန်း တစ်ခုနှင့် လက်နက်ခဲယမ်းများကိုလည်း ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါစခန်းများမှ သိမ်းဆည်းရမိသောပစ္စည်းများမှာ
( ၁ )ယူနီဖောင်း ၄ စုံ
( ၂) ခါးပတ် ၅ ခု
( ၃ )လက်လုပ်ပစ္စတို ၁ လက်
( ၄ )ကျည် ၃ တောင့်
( ၅ )လက်လုပ်မိုင်း ၁ လုံး
( ၆ )မိုင်းခလုတ် ၁ ခု
( ၇) 9V ဓာတ်ခဲ ၄ လုံး
( ၈ )ဝါယာကြိုး ၂ ခွေ
( ၉) DIGITAL ၃ ခု
( ၁၀) SG.406 ၃ ဗူး
( ၁၁ )ဆန် ၅ ဂါလံဗူး ၄ ဗူး
( ၁၂) အိုး ၆ လုံး
( ၁၃) G phone ၁ လုံး
( ၁၄) ကျောပိုးအိတ် ၁ လုံးတို့ဖြစ်ကြောင်း သိရသည်။

ARSA ၊ RIM၊ RSO ကဲ့သို့သော မူဆလင်အကြမ်းဖက်အဖွဲ့များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင် လှုပ်ရှားနေပြီး မောင်တောမြို့နယ် မြောက်ပိုင်းသို့ ဝင်ရောက်ကာ AA တပ်ဖွဲ့ဝင်များကို ခြုံခိုတိုက်ခိုက်ခြင်းနှင့် အရပ်သားများကို ပြန်ပေးဆွဲ သတ်ဖြတ်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ