Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မေလ ၁ ရက်နေ့တွင် ကိုဗစ်အတည်ပြုလူနာသစ် ၁၀၆ ယောက် ထပ်မံတွေ့ရှိ

မေလ ၁ ရက်နေ့တွင် ကိုဗစ်အတည်ပြုလူနာသစ် ၁၀၆ ယောက် ထပ်မံတွေ့ရှိ

ABN-ရှိုင်းမိုး

မြန်မာပြည်တွင် မေလ ၁ ရက်နေ့ ည ၈ နာရီတွင် ကိုဗစ်အတည်ပြုလူ နာသစ် ၁၀၆ ယောက်ကို ထပ်မံတွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်သည်။

ထိုထုတ်ပြန်ချက်အရ ဧပြီ ၃၀ ရက်နေ့ ည ၈ နာရီမှ မေ ၁ ရက်နေ့ ည ၈ နာရီ အထိ ကိုဗစ်-၁၉ရောဂါဓာတ်ခွဲနမူနာ ၁၁၆၃၈ ခုကို စစ်ဆေးသောခါ အတည်ပြု လူနာသစ် ၁၀၆ ယောက် တွေ့ရှိရကြောင်း ဆိုသည်။

ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၀ ဒသမ ၉၁ ရာခိုင်နှုန်းဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

မြန်မာပြည်တွင်မေ ၁ ရက်နေ့ ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစု ပေါင်း ၁၀,၃၇၄,၁၆၁ ခု စစ်ဆေးခဲ့ပြီး ကိုဗစ်အတည်ပြုလူနာစုစုပေါင်း ၆၃၄,၉၈၃ ယောက်ထိရှိလာပြီးဖြစ်သည်။

ကျန်းမာရီးဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ မေလ ၁ ရက်နေ့အထိ သေဆုံးသူစုစုပေါင်း ၁၉၄၉၂ ယောက်ရှိပြီး၊ ပြန်လည်ကောင်းမွန်လာလူ စုစုပေါင်း ၆၁၄,၈၆၉ ယောက်ရှိ ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ