Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်သူ ၈ဝ ဦးကို PSLF / TNLA က ဖမ်းဆီး

မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်သူ ၈ဝ ဦးကို PSLF / TNLA က ဖမ်းဆီး

ABN-နွယ်စိုး

ဇူလိုင် ၈ ရက်

တအာင်းပြည်နယ် ၊ တပ်မဟာ (၁)စစ်ဒေသ နမ့်ခမ်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသော နေရာများသို့ PSLF/ TNLA ဗဟိုအုပ်ချုပ်ရေးဌာန အထူးတပ်ဖွဲ့မှ ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ် သူ ၈၀ ဦးတို့ ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့မှ ၃၀ရက် အထိ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တို့သည် ရှောင်တခင်ဝင်ရောက် စစ်ဆေးရာမှ မူးယစ်ဆေးဝါး သုံးစွဲသူ ၇၃ ဦးနှင့် ရောင်းဝယ်သူ ၇ ဦး စုစုပေါင်း ၈၀ ဦးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်သူ ၈၀ ဦးထဲ၌ တအာင်းလူမျိုး ၂၉ ဦး၊ ရှမ်းလူမျိုး ၂၀ ဦး၊ ကချင်လူမျိုး ၇ ဦး၊ တရုတ်လူမျိုး ၁၃ ဦးနှင့် မြန်မာလူမျိုး ၄ ဦးအပါအဝင် ရောင်းဝယ်သူ ၇ ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ၎င်းတို့ ရောင်းဝယ်သုံးစွဲသည့်နေရာရှိ တဲနှင့်အသုံးအဆောင် ပစ္စည်းများကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

ထိုဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၇ ဦးတို့အား ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး မှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့က ကျရောက်သည့် နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့တွင်လည်း PSLF/TNLA မှ ၅ နှစ် ကျော်ကာလအတွင်း ဖမ်းဆီးရမိထားသည့် ကျပ်သိန်းပေါင်း ၉၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ ဖျက်ဆီးခဲ့သည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ