Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မူးမြို့နယ်မှာ စစ်ဘေးရှောင် ၁၁၀၀၀ ကျော်ထိရှိလာနေပြီး ကူညီကယ်ဆယ်ရေးများ အရေးပေါ်လိုအပ်နေ

မူးမြို့နယ်မှာ စစ်ဘေးရှောင် ၁၁၀၀၀ ကျော်ထိရှိလာနေပြီး ကူညီကယ်ဆယ်ရေးများ အရေးပေါ်လိုအပ်နေ

ABN-ရှိုင်းမိုး

စက်တင်ဘာ ၁၉ရက်

ကရင်ပြည် မူးမြို့နယ်တွင် စစ်ဘေးရှောင် ၁၁၀၀၀ ကျော်ထိထပ်တိုးလာကာ အရေးပေါ်ကူညီကယ်ဆယ်ရေးလိုအပ်နေကြောင်း ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီမှ ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် သြဂုတ်လ ၃၁ရက်နေ့မှ စက်တင်ဘာလ ၁၆ရက်နေ့ထိ ပြည်သူနေကျေးရွာများသို့ လေကြောင်းတိုက်ခိုက်မှု ၁၀၁ကြိမ်ပြုလုပ်ခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှု ၄၅၁ကြိမ် ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ချက်အရသိရသည်။

၎င်းအတူ လူနေကျေးရွာတွင်းသို့ စစ်အင်အားအများအပြားဖြင့်ဝင်ရောက်ပြီး ပြည်သူပိုင် အိုးအိမ်နှင့်ပိုင်ဆိုင်မှုအများအပြားကိုဖျက်စီးမီးရှို့ခဲ့သည်ဟုသိရသည်။

စစ်ကောင်စီ၏ ထိုသို့လုပ်ဆောင်ချက်ကြောင့် အမျိုးသား ၂ဦး၊ အမျိုးသမီး ၂ဦး အပါဝင် စုစုပေါင်း ၁၀ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိသည်ဟုသိရသည်။

လက်ရှိတွင် ကျေးရွာပေါင်း ၁၅ရွာမှ ပြည်သူ ၁၁,၃၈၇ ဦးဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး နေ့စဥ်ရက်ဆက် ထွက်ပြေးတိမ်းရှောင်နေရသူများရှိနေသည်ဟုသိရသည်။

လက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများ လုံခြုံမှုနှင့်စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးစသည့်အရာများလိုအပ်နေသောကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီများပေးရန်နိုင်ငံတကာအဖွဲ့အစည်းများကို တောင်းဆိုထားကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ပြည်တွင်းပြည်ပရောက်ရှိနေသော ကရင်လူမျိုးနှင့်တကွ ပြည်သူလူထုကို ကိုယ်စားပြုသည့် အရပ်ဖက်အဖွဲ့အစည်းများ တော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းများမှလည်း စစ်ကောင်စီ၏ အကြမ်းဖက်မှုကို ရပ်တန့်ပြီးပြန်လည်ရုပ်သိမ်းရန်အတွက် ထိရောက်သောအရေးယူဆောင်ရွက်မှုပြုလုပ်ရန် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီမှ တောင်းဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ