Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မူဆယ်နှင့် ကွတ်ခိုင်တို့တွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွား

ABN-ထက်မြတ်ခင်

စက်တင်ဘာ ၂၃ရက်

မူဆယ်နှင့် ကွက်ခိုင်တွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲ ၃နေရာဖြစ်ပွားပြီး TNLAက လက်နက်များသိမ်းဆည်းရမိပြီး စစ်ကောင်ဖက်မှ လေယာဥ်ဖြင့်ပြန်လည်တိုက်ခိုက်လာသည်ဟုသိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၂ရက်နေ့က တအာင်းပြည်နယ် တပ်မဟာ(၁)စစ်ဒေသ မူဆယ်မြို့နယ် ဆိုင်ခေါင်ရွာအနီး၊ ဟိုပေါ်ရွာအနီးနှင့် တပ်မဟာ(၅)စစ်ဒေသ ကွတ်ခိုင်မြို့နယ် ကောင်မှုရာအနီးတွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် -TNLA တို့ တိုက်ပွဲ(၃)ကြိမ်ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲမှာ နံနက် ၁၁နာရီအခွဲအချိန်မှ ညနေအထိ စစ်ကောင်စီတပ် တပ်မ – ၉၉/ ခြေမြန်တပ်ရင်း – ၄၁၉၊ လုံထန်ပြည်သူ့စစ်ပူးပေါင်းတပ်နှင့် တအာင်းတပ်မတော်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။။

ယင်းတိုက်ခိုက်မှုတွင် TNLAမှ လက်နက်များကို သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီဖက်မှလည်းပြန်လည်တိုက်ခိုက်ခဲ့ပြီး ကျေးရွာများအတွင်းသို့လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်အကြား ဇူလိုင်လ (၂၃)ရက်နေ့မှ စက်တင်ဘာလ (၂၂)ရက်နေ့အထိ တိုက်ပွဲစုစုပေါင်း(၅၅)ကြိမ် ဖြစ်ပွားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ