Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မူဆယ်တွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ထိခိုက်သေဆုံးသူ ၅ ဦးရှိ

ABN-ထက်မြတ်ခင်

အောက်တိုဘာ ၂၁ရက်

မူဆယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ KIAရှိရာ နေ ရာများကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် သေဆုံးမှုများရှိသည်ဟု သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ KIA တပ်မဟာ ၆ ရှိရာဘက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီကျော် ဝန်းကျင်က စစ်ကောင်စီမှ လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ထိခိုက်သေဆုံးသူ ၅ဦးရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီ၏ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းက စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA အဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ဟုသိရသည်။

ကချင်ပြည်နယ်တွင် စစ်ကောင်စီမှ လေကြောင်း၊လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နေ့စဉ်မပြတ် ပစ်ခတ်မှုများပြုလုပ်သောကြောင့် စစ်ဘေးရှောင်ပြည်သူအများအပြားရှိလာသည်ဟုသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၉ရက်နေ့ ၁၁နာရီအချိန်တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် စစ်ဘေးရှောင်များနေထိုင်သည့် စခန်းတစ်ခုကို လာရောက်ဗုံးကြဲသောကြောင့် ကလေးငယ် ၁၃ဦးအပါဝင် စစ်ဘေးရှောင် ၃၀ကျော်သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူအများအပြားရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ