သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မုန်းမြို့နယ်တွင် အတင်းအဓမ္မ စစ်မှုထမ်းခေါ်ဆောင်ခံရသည့် တပ်သားသစ် ၈ ဦး အလင်းဝင်

AB News- ဇန်နဝါရီ ၃၊ ၂၀၂၆

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသည့် တပ်သားသစ် ၈ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တပ်ရင်း ၈ ထံ စစ်ကော်မရှင်တပ်က အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသော တပ်သားများဖြစ်သည့် အသက် ၂၀ အရွယ် အောင်လင်းနိုင်၊ အသက် ၂၆ နှစ်အရွယ် ဖြိုးအောင်၊ အသက် ၁၉ နှစ်အရွယ် စန်းမင်းကို တို့ (ဇန်နဝါရီ ၂ ရက်)နေ့တွင် အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၉ ရက်နေ့ကလည်း ညောင်လေးပင်ခရိုင် မုန်းမြို့နယ်တွင် KNLA တပ်ရင်း ၈ ထံသို့ စစ်တပ်၏ ခမရ ၅၉၉ တပ်ရင်းမှ ပေါ်တာဆွဲဖမ်းခံထားရသည့် အသက် ၂၉ နှစ်အရွယ် ညွှန့်ဇော်၊ အသက် ၁၇ နှစ်အရွယ် စန်းကိုနိုင်၊ အသက် ၂၉ အရွယ် နေလင်းထက်၊ အသက် ၂၈နှစ်အရွယ် ကျော်ကျော်နှင့် အသက် ၃၀ အရွယ် မြင့်သောင် တို့ အလင်းဝင်ရောက်ခဲ့သည်။

စစ်ကော်မရှင်တပ်တွင် အတင်းအဓ္ဓမ စစ်မှုထမ်း စေခိုင်းခံရသူများအနေဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ ဆက်သွယ်၍ ဘက်ပြောင်း ခိုလှုံကြပါရန် ကရင်အမျိုးသားအစည်းအရုံး(KNU)က တိုက်တွန်းနှိုးဆော်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ