Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မီဒီယာသို့ အင်တာဗျူးဖြေဆို၍ ထောင် ၃ နှစ် ချမှတ်ခံခဲ့ရသည့် ပလက်ဝမှ ကိုတင်ထွန်းအောင် လွတ်ငြိမ်းချမ်းသာဖြင့် ယနေ့လွတ်လာ

မီဒီယာသို့ အင်တာဗျူးဖြေဆို၍ ထောင် ၃ နှစ် ချမှတ်ခံခဲ့ရသည့် ပလက်ဝမှ ကိုတင်ထွန်းအောင် လွတ်ငြိမ်းချမ်းသာဖြင့် ယနေ့လွတ်လာ

ABN-သြဂုတ် ၁ ရက်

ရခိုင်အခြေစိုက် Western News မီဒီယာသို့ စစ်တပ် (စစ်ကောင်စီတပ်) သတင်းအား အင်တာဗျူး ဖြေဆို၍ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရသည့် ပလက်ဝမြို့နယ်မှ ကိုတင်ထွန်းအောင် ယနေ့ အာဏာသိမ်းစစ်တပ်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် စစ်တွေထောင်မှ လွတ်မြောက်လာပြီ ဖြစ်ကြောင်း သိရသည်။

ကိုတင်ထွန်းအောင်မှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလ ၅ ရက်နေ့က ပလက်ဝ တရားရုံးတွင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်ပြီး စစ်တွေထောင်တွင် ထောင်ချခံခဲ့ရသူဖြစ်သည်။

သတင်းအပြည့်အစုံကို ဆက်လက်တင်ပေးသွားမည်ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ