သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မီဇိုရမ်ပြည်တွင် မိုးကြီးမြေပြို၍ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးအပါအဝင် ချင်းစစ်ဘေးရှောင် မိသားစုဝင် ၃ ဦးသေဆုံး

AB News- ဇွန် ၁၊ ၂၀၂၅
ဒေဝီ

မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်၊ ဗာဖိုင်းကျေးရွာတွင် မိုးကြီးပြီး မြေပြိုခဲ့ရာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် ချင်းစစ်ဘေးရှောင် မိသားစုဝင် ၃ ဦးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ မေလ ၃၁ရက်နေ့က ကျန်ဖိုင်ခရိုင် Samthang ရွာဘက်မှ Vaphai ရွာအဝင်နားတွင် လမ်း အပေါ်ဘက်က မြေပြိုကျခဲ့သဖြင့် စစ်ဘေးရှောင် ဦးလဲန်းခွေထန်းနာတို့ဌားရမ်းနေ ထိုင်သည့် နေအိမ်မှာ မြေပြိုသည့်အထဲ မြောပါသွားကြောင်း သိရသည်။

အဆိုပါ မြေပြိုမှုဖြစ်စဉ်အတွင်း ချင်းမိသားစုဖြစ်သည့် အသက် ၇၁ နှစ်အရွယ် ဦးလဲန်းခွေထန်းနာ၊ သမီးဖြစ်သူ အသက် ၄၈နှစ်အရွယ် လာလ်နိုက် ထွာမ်မီးနှင့် ၎င်း၏ ချွေးမဖြစ်သူ ကိုယ်ဝန် ၄လသာရှိသေးသည့် အသက် ၂၈နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင် လာလ်ရဲမ်နီအဲန်းအီး တို့ သေဆုံးခဲ့သည်ဟု သိရသည်။

ယင်းအပြင် အသက် ၂၆နှစ်အရွယ် ပဲခ့်မှင်းထန်းနာမှာ ဒဏ်ရာအပြင်းအထန်ရရှိသဖြင့် ကျန်ဖိုင် ဆေးရုံသို့ ပို့ထားရပြီး ၎င်း၏ ဧည့်သည်ဖြစ်သူ အသက် ၄၇ နှစ်အရွယ် လာလ်ဇာမ်မာ လည်းဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြေပြိုမှုဖြစ်စဉ်အတွင်း သေဆုံးသူများမှာ စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ မောစီ ကျေးရွာမှ ကျန်ဖိုင်ခရိုင်၊ ဗာဖိုင်း ( Vaphai ) ကျေးရွာသို့ စစ်ဘေးရှောင်လာကြသူများဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် မီဇိုရမ်ပြည်နယ်ရှိ နေရာအတော်များများ၌ မိုးအလွန်ကြီးလျက်ရှိပြီး ဒေသအများစုတွင် မြေပြို၊ အိမ်ပြိုမှုများဖြစ်နေသဖြင့် လူသေဆုံးမှုများ ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ