သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
‎မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟားခါး-မတူပီ လမ်းမကြီး ပျက်စီး



‎AB News – ဇူလိုင် ၈ ၊ ၂၀၂၅
‎ချန်ဒြာ

‎ယခုနှစ် မိုးရာသီကာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် တောင်ကျရေစီးဆင်းမှုကြောင့် ဟားခါး- မတူပီ လမ်းမကြီးမှာ ပျက်စီးခဲ့ကြောင်း CDF MATUPI ၏ ထုတ်ပြန်ချက်အရသိရသည်။

‎ထိုလမ်းမကြီး ပျက်စီးနေသည့်အတွက် ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိပြီး ထိန်းသိမ်းမှုများဆောင်ရွက်နေသည့် ကာလအတွင်း မော်တော်ယာဉ်သွားလာမှုများကို ကန့်သတ်ထားကြောင်း သိရသည်။

‎သို့သော်လည်း နေရပ်ပြန် စစ်ဘေးရှောင်ပြည်သူများ၊ ဒေသတွင်းဖွံဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေသော NGO /INGOs များနှင့် တော်လှန်ရေးအဖွဲ့အစည်းများ၏ မော်တော်ယာဉ်များအား သွားလာခွင့်ပြုထားကြောင်း သိရသည်။

‎ထိုလမ်းမကြီးကို စတင်ပြုပြင်ထိန်းသိမ်းမည့် ကာလ ယနေ့ ဇူလိုင်လ ၈ ရက်နေ့မှစ၍ နောက်ထပ်ထုတ်ပြန်ချက် တစုံတရာ မထုတ်ပြန်မချင်း နေရပ်ပြန် စစ်ဘေးရှောင်ပြည်သူများ၊ ဒေသတွင်းဖွံဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေသော NGO /INGOs များနှင့် တော်လှန်ရေးအဖွဲ့အစည်းများ၏ မော်တော်ယာဉ်များမှလွဲ၍ သွားလာခွင့် မပြုကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်