သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မိုးမိတ်တွင် စကမ ၏ စစ်မှုထမ်းသင်တန်းဆင်းတပ်သား အယောက် ၄၀ ခန့်ထွက်ပြေး

AB News – ဇန်နဝါရီ ၆၊ ၂၀၂၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့တွင် စကမ စစ်မှုထမ်းသင်တန်းဆင်း ၄ဝ ဦး တို့သည် ယခု ဇန်နဝါရီ လဆန်းပိုင်းတွင် ထွက်ပြေးသွားခြင်းဖြစ်ပြီး စစ်ကော်မရှင်က အပူတပြင်းလိုက်ရှာနေကြောင်း သိရသည်။

ထွက်ပြေးသွားသည့် စစ်မှုထမ်းသင်တန်းဆင်းများကို ဖမ်းမမိသေးသည့်အတွက်ကြောင့် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များက ဒေသခံများကို စစ်ဆေးခြင်းများ ပြုလုပ်နေသည်ဟု သိရသည်။

မိုးမိတ်နှင့် သပိတ်ကျင်းလမ်းပိုင်းတွင်လည်း တိုက်ပွဲဖြစ်နေပြီး လက်နက်ကြီး ပစ်ခတ်သံများကို မိုးမိတ်မြို့ပေါ်မှ ကြားနေရသည်ဟုလည်း သိရသည်။

မိုးမိတ်မြို့သို့ ယခုရက်ပိုင်းအတွင်းတွင် တပ်မ(၉၉)နှင့် တပ်မ(၁၁) လက်အောက်ခံတပ်များကို ပို့ဆောင်နေပြီး ယခုလဆန်းပိုင်းတွင်လည်း စစ်တပ်ကား အစီး ၂၀ ကျော်သည် မိုးကုတ်-မိုးမိတ်လမ်းအတိုင်း ဝင်ရောက်လာသည်ဟု သတင်းတွင် ဖော်ပြသည်။

မိုးမိတ်မြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

သို့သော် တရုတ်၏ ကြားဝင်ညှိနှိုင်းမှုဖြင့် ပြီးခဲ့သည့် ၂ဝ၂၅ ခုနှစ်၊ အောက်တိုဘာလ အတွင်းတွင် TNLA က မိုးမိတ်နှင့် မိုးကုတ်မြို့တို့ကို စစ်ကော်မရှင်တပ်ထံ ပြန်လည်ပေးအပ်ခဲ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်