သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မိုးကုတ်မြို့မှ ဆုတ်ခွာပေးခဲ့ရသော်လည်း စစ်ကော်မရှင်ကို အရှုံးမပေးဘဲ ဆက်လက်တိုက်သွားမည်ဟု မိုးကုတ်ဗျူဟာဆို

AB News – အောက်တိုဘာ ၃၀၊ ၂၀၂၅
ဧကရီ

တရုတ်က ကြားဝင်စေ့စပ်ကာ ဖိအားပေးမှုကြောင့် တအာင်းတပ် (TNLA)နှင့် စစ်ကော်မရှင်တို့ အပစ်အခတ်ရပ်စဲကာ မိုးကုတ်မြို့ကို လက်လွှတ်ရန် သဘောတူလိုက်ရသော်လည်း မိုးကုတ်ဗျူဟာ ပြည်သူ့ကာကွယ်ရေး တပ်မတော်အနေဖြင့် အရှုံးပေး တွန့်ဆုတ်ကြောက်ရွံ့ခြင်း အလျဥ်းမရှိဘဲ အကြမ်းဖက် စစ်ကော်မရှင်ကို ဆက်လက်တိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

မိုးကုတ်ဗျူဟာနှင့် MDY PDF တို့သည် မိုးကုတ်မြို့မှ TNLA တပ်များ ပြန်ဆုတ်ပေးရမည်ဟု ကြေညာချက်ထွက်ပြီးသည့် တစ်ရက်တည်း၌ပင် ၎င်းတို့၏ စိုးမိုးနယ်မြေများကို အစွမ်းကုန်ကာကွယ်၍ စစ်အာဏာရှင်တပ်ကို ဆက်လက်တွန်းလှန်သွားမည်ဖြစ်ကြောင်း အသိပေးခဲ့သည်။

“တော်လှန်ရေး ခရီးတလျှောက်မှာ ဘယ်လို ခက်ခဲတဲ့ အချိုးအကွေ့တွေပဲ ကြုံရသည်ဖြစ်စေ မိုးကုတ်ဗျူဟာနဲ့အတူ မိုးကုတ်အခြေပြုတော်လှန်ရေး အဖွဲ့တွေဟာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဦးတည်ကာ တော်လှန်ရေးအောင်မြင်တဲ့ အထိ ဆက်လက်ချီတက် တိုက်ပွဲဝင်သွားမယ်” ဟု မိုးကုတ်ဗျူဟာက ဆိုသည်။

စစ်ကော်မရှင်တပ်သည် ယုတ်မာရက်စက်မှုမျိုးစုံ၊ ကောက်ကျစ်စဥ်းလဲမှုမျိုးစုံဖြင့် တိုက်ခိုက်နေသော်လည်း တော်လှန်ရေးရဲဘော်များအနေဖြင့် တွန့်ဆုတ်ခြင်း၊ ကြောက်ရွံ့ခြင်း လုံးဝမရှိဘဲ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း မိုးကုတ်ဗျူဟာက ထုတ်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ