သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မိုးကုတ်မြို့ပေါ်သို့ စစ်ကော်မရှင်တပ် ဝင်ရောက်နိုင်ရန် TNLA အကာကွယ်ယူတပ်ဖြန့်ပြင်ဆင်နေ

AB News – နိုဝင်ဘာ ၂၅ ၊ ၂၀၂၅
ဂျူလိုင်

မိုးကုတ်မြို့ပေါ်သို့ စစ်ကော်မရှင်တပ် ဝင်ရောက်နိုင်ရန် TNLA မှ အကာကွယ်ယူ တပ်ဖြန့်ပြင်ဆင်နေကြောင်း သိရသည်။

မိုးကုတ်မြို့အရှေ့ဘက် ပြင်ဦးလွင်မြို့ဘက် ထွက်သည့် လမ်းတစ်လျှောက်လုံးကို TNLA က အကာကွယ်ယူထားပြီး PDF တပ်များရှိရာ အထိုင်နေရာများသို့လည်း တပ်ဖြန့်ထားကြောင်း ဆိုသည်။

“တချို့လက်နက်ကြီးတွေကိုလည်း PDF ရှိရာ နေရာများဘက်သို့လှည့်ပြီး တပ်ဆင်ထားတာတွေရှိတယ် “ ဟု စစ်ရေးသတင်းအရင်းမြစ်မှ သိရသည်။

ယင်းအပြင် မိုးကုတ်မြို့အတွင်း တပ်ဆင်ထားသော စတားလင့်အင်တာနက်များကို TNLA ဘက်မှ ပိတ်သိမ်းခိုင်းနေကြောင်း ဒေသခံများကဆိုသည်။

အလားတူ ယခုလ နိုင်ဝင်ဘာ ၂၉ ရက်နေ့တွင် စစ်ကော်မရှင်တပ်များ မိုးကုတ်မြို့အတွင်းသို့ ဝင်ရောက်လာမည်ဖြစ်ကြောင်း ဒေသခံများကြားတွင် ပြောဆိုမှုများ မြင့်တက်လျက်ရှိသည်။

ယခုလက်ရှိတွင် မိုးကုတ်မြို့အတွင်းရှိ သက်ဆိုင်ရာမှ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံများသည် ယခုလ အစောပိုင်းမှစ၍ မြို့ကို တဖြည်းဖြည်း စွန့်ခွာနေကြပြီဖြစ်ကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၄ ရက်နေ့တွင် TNLA ဦးဆောင်ပြီး PDF တပ်များနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ – ၂၈ ရက်နေ့ တရုတ်နိုင်ငံ၊ ကူမင်မြို့၌ တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း၏ ကြားဝင်ညှိနှိုင်းမှုဖြင့် ကျင်းပသော ၉ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲအတွင်း စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း PSLF/ TNLA မှ ထုတ်ပြန်ခဲ့သည်။

၎င်းစာချုပ်ထဲတွင် သဘောတူသတ်မှတ်ထားသည့် ကာလအတွင်း မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့မှ TNLA တပ်များဆုတ်ခွာရန်နှင့် TNLA တပ်များထိန်းချုပ်ထားသောဒေသများသို့ စစ်ကော်မရှင်ဘက်မှ လေယာဥ်ဖြင့်ဗုံးကြဲခြင်း ၊ ထိုးစစ်ဆင်ခြင်းမလုပ်ရန်တို့ ပါရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ