Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မိုင်းလားတွင် အသုဘသို့သွားသည့် ရခိုင် ၂ ဦး လမ်းတွင် ကားအက်စီးဒင်းဖြစ်ပြီး သေဆုံး

ABN-ဟိန်းထွန်း

ဇူလိုင် ၃ ရက်

ရှမ်းပြည်နယ် မိုင်းလားတွင် ရခိုင်လူငယ် ၁ ဦးနှလုံးအမောဖောက်ရောဂါဖြင့်သေဆုံးသွားခဲ့သည်ကို သွားကြည့်ရာလမ်းတွင် ယာဥ်မတော်တဆ ဖြစ်ပွား၍ ရခိုင် ၂ ဦးနှင့် ဗမာ ၁ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသွားခဲ့သူများမှာ ပုဏ္ဏားကျွန်းမြို့နယ် ပဲသူနန်းရွာမှ အဖ ဦးဦးကျော်မောင်၏သား အသက် ၄၅ နှစ်အရွယ် ရွှေမိုး၊ ဘုရားကြီးကျေးရွာမှ အဖ ဦးနက်ကျော်အောင်၏သား အသက် ၅၄ နှစ်အရွယ် ဦးကျော်ညွန့် နှင့် တစ်ခြားဗမာလူမျိုးတစ်ဦးတို့ဖြစ်ကြသည်။

၎င်းတို့သည် ယမန်နေ့ ည ၁၁နာရီခွဲတွင် လူ ၁၅ ဦးနှင့် သုံးဘီး ၁ စီးငှား၍ တရုတ်ဆေးခန်း ၃၈၀ သို့ သွားခဲ့ရာလမ်းတွင် ယာဥ်တစ်စီးက မိုင်းမ နှင့်မိုင်းလားကြားတွင် နောက်မှဝင်တိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကာ ၁၁ ဦးပြင်းထန်ဒဏ်များရရှိခဲ့ကြောင်း မိုင်းလားရှိ ရခိုင်သားတစ်ဦးက ABN သို့ပြောသည်။

သူတို့က သုံးဘီးငှားလို့ တရုတ်ဆေးခန်း ၃၈၀ ကိုသွားပါတယ်၊ ဆေးရုံမရောက်ခင် မိုင်းမနဲ့မိုင်းလားအဝင်လမ်းမှာ ကား ၁ စီးကနောက်မှဝင်တိုက်ပါတယ်၊ ပွဲချင်းပြီး ၃ ယောက်သေတယ်၊ ၁၂ ယောက်က ပြင်းထန်ဒဏ်ရာရပါတယ် ဟု ဆိုသည်။

ဒဏ်ပြင်းထန်ရရှိခဲ့သူတို့ကို မိုင်းလားမြို့ မြန်မာနှင့်တရုတ်ချစ်ကြည်ရေးဆေးခန်း နှင့် မြမင်္ဂလာဆေးခန်းတို့တွင် အရေးပေါ်တင်ထားရကြောင်းသိရသည်။

ပြင်းထန်ဒဏ်ရာ ရရှိသူတို့မှာ ခွဲစိတ်မှု ခံယူနေရပြီး လူတစ်ယောက်ချင်းစီကို တရုတ်ယွမ် ၈၀၀၀ ( မြန်မာကျပ်ငွေ သိန်း ၄၀ နီးပါးကုန်ကျပြီး ၂ ဦးကိုခွဲစိပ်ထားပြီးဖြစ်ကြောင်း၎င်းကဆက်၍ ပြောသည်။

“လူတွေကိုတော့ ခွဲစိပ်မှုပြုလုပ်နေပါတယ်၊ လူ ၁ ယောက် ခွဲစိပ်ဖို့ဆိုရင် ​တရုတ်ယွမ် ၈၀၀၀ လောက်ကုန်ပါတယ်၊ မြန်မာငွေနဲ့ဆိုရင် သိန်း ၄ဝ နီးပါးရှိတယ်၊ အခုလည်းဝမ်းခွဲစိပ်လို့ ၂ ယောက်ပြီးသွားပါပြီ၊ ပိုက်ဆံတွေလည်းလိုအပ်နေပါတယ်” ဟုဆိုသည်။

လက်ရှိတွင် သေဆုံးသွားခဲ့သည့်သူများ၏ မိခင်ထံသို့ သတင်းအကြောင်းကြားထားပြီဖြစ်ကြောင်း၊ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သူ ၁၂ ဦးမှာလည်း သတိမေ့မျောနေသူများရှိပြီး နေရပ်လိပ်စာအတိအကျကို မေးမြန်းစိစစ်ဆဲဖြစ်ကြောင်း ABN သို့ ပြောသည်။

ဓာတ်ပုံ-မိုင်းလားဆေးရုံတွင် ဆေးကုသမှုညခံယူနေကြရသူများ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ