သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မဟာမိတ်များ ပေးပို့သော သဝဏ်လွှာများအတွက် အာရက္ခတပ်တော်မှ အထူးကျေးဇူးတင်ကြောင်းပြော

AB News – ဧပြီ ၁၁၊ ၂၀၂၅

အာရက္ခတပ်တော်၏ ၁၆ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ ညီနောင်မဟာမိတ်များနှင့် တော်လှန်ရေး အင်အားစုများမှ ပေးပို့သော သဝဏ်လွှာများအတွက် အာရက္ခတပ်တော်မှ လေးစားစွာ ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း ပေါ်ပေါက်လာသော တော်လှန်ရေးအဖွဲ့အစည်းများနှင့် အချို့အဖွဲ့အစည်းများမှ ပေးပို့သည့် သဝဏ်လွှာများကိုလည်း ကောင်းမွန်စွာ လက်ခံရရှိကြောင်း ဖော်ပြထားသည်။

ထို့အပြင် သဝဏ်လွှာများပေးပို့ခဲ့သည့် တော်လှန်ရေးအဖွဲ့အစည်းများကို အာရက္ခတပ်တော်မှ ရက္ခိုင်ပြည်သူများ ကိုယ်စား အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောဆိုခဲ့ပြီး၊ ၎င်းအဖွဲ့အစည်းများ၏ စစ်ရေးနှင့် နိုင်ငံရေး ရည်မှန်းချက်များ လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တော်လှန်ရေးကာလ ၁၆ နှစ်တာအတွင်း အာရက္ခတပ်တော်သည် ပလက်ဝဒေသအပါအဝင် ရက္ခိုင်ပြည်မှ မြို့နယ် ၁၄ ခုကို တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားနိုင်ခဲ့ပြီး၊ တော်လှန်ရေးအဖွဲ့အစည်းများက အတုယူစံပြရသည့် တပ်တော်တစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ