သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မန္တလေး-မုံရွာ ကားလမ်းမတွင် စစ်တပ်စစ်ကြောင်းကို PDF မှ မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်ဘက်မှ( ၇ )ဦးသေဆုံး

AB news – နိုဝင်ဘာ ၂၂ ၊၂၀၂၅
အမရာ

စစ်ကိုင်းတိုင်း ၊မုံရွာမြို့နယ် ၊မန္တလေး- မုံရွာ ကားလမ်းမတွင် စစ်ကောင်စီယာဥ်တန်းကို PDF မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ ၇ ဦးသေဆုံးသွားခဲ့ကြောင့် မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်တပ်ရင်း ၄၊ တပ်ခွဲ ၂ မှ တပ်ခွဲမှုးကိုဝိုင်ဖိုင်မှ ပြောကြားသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ သံပြားကာ ကား ၃ စီးဖြင့်ထွက်လာသော အကြမ်းဖက်စစ်ကော်မရှင်စစ်သားများသည် နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်တွင် မုံရွာမြို့နယ်မအူဂိတ်သို့ ဝင်သွားပြီးနောက် Faw ကား ၁ စီး၊ ၁၂ ဘီးကား ၁ စီးဖြင့် ထပ်မံထွက်လာစဥ် တော်လှန်ရေးတပ်ဖွဲ့များက စွမ်းရည်ထက်ဂိတ်နှင့် မြေနဲ့ဂိတ်အကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အကြမ်းဖက်စစ်တပ်ဖက်မှ Faw ကားပေါ်လိုက်ပါလာသော စစ်သား ၇ ဦးထိခိုက်သေဆုံးမှုရှိပြီး လက်နက်ကိုင် တော်လှန်ရေးဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ကြောင်း သိရှိရသည်။

“နခမကနေမအူဂိတ်ကို စစ်ခွေးတွေ သံပြားကာကား၃ စီးနဲ့ရောက်လာပြီးတော့ အဲ့ဂိတ်ကနေ Faw ကား၊ ၁၂ ဘီးကား နဲ့ပြန်ထွက်လာတာကို ကျနော်တို့က စွမ်းရည်ထက်ဂိတ်နဲ့ မြေနဲဂိတ်အကြားမှာ တိုက်ခိုက်ခဲ့တာပါ၊ စစ်ခွေး ၇ ကောင်ကတော့သေဆုံးမှုရှိပြီး ကျနော်တို့ကတော့ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၄၊ တပ်ခွဲ၂ တပ်ခွဲမှုး ကိုဝိုင်ဖိုင်ကပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၄၊ တပ်ခွဲ ၂ ၊ 5/ Commando Force က ဦးဆောင်၍ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း-၄၊ တပ်ခွဲ ၄၊ 5/ Teacher Force နှင့် မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း -၂၈၊ တပ်ခွဲ ၃ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့​ခြင်း​​ဖြစ်ပြီး ပြည်သူများ အနေဖြင့် မုံရွာ-မန္တလေး လမ်းပိုင်းတွင် စစ်တပ် ယာဉ်တန်းများနှင့် ကပ်မလိုက်ကြရန် မေတ္တာရပ်ခံထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ