AB News – မတ် ၂၉၊ ၂၀၂၅
မန္တလေးမြို့တွင် အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးနောက် မြို့တော်အတွင်းရှိ အဆောက်အအုံများစွာ ပြိုကျပျက်စီးခဲ့ကာ ထင်ရှားသော ဦးလှသိန်း ဗိမာန် ပြိုကျခဲ့သည်။
စာမေးပွဲဖြေဆိုနေသော သံဃာတော် ၈၀ ကျော်မှာ ဗိမာန်ပြိုကျမှုကြောင့် ပျံလွန်တော်မူခဲ့ရသည်။
ယမန်နေ့ နေ့လယ်ပိုင်းတွင် သံဃာတော် ၆၀၀ ကျော်သည် ဦးလှသိန်းဗိမာန်အတွင်း စာမေးပွဲဖြေဆိုနေစဉ် ငလျင်လှုပ်ခတ်ခဲ့သည်။ ငလျင်ကြောင့် ဘုန်းတော်ကြီးကျောင်း၏ ညာဘက်ခြမ်း ပြိုကျခဲ့ပြီး ထိုနေရာတွင် စာမေးပွဲဖြေဆိုနေသော သံဃာတော်အများစုမှာ ပျံလွန်တော်မူခဲ့ရသည်။
ကယ်ဆယ်ရေးအဖွဲ့များသည် ဘုန်းတော်ကြီးကျောင်း အပျက်အစီးများကြားတွင် ပိတ်မိနေသော သံဃာတော်များကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အဆိုအရ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် လူနေအဆောက်အအုံ ၂,၉၇၀ လုံး၊ ဘုရားစေတီ ၁၀၀ နီးပါးနှင့် ဗလီ ၅၀ ကျော် ပျက်စီးခဲ့သည်။
ထို့အပြင် တံတား ၇ စင်း ပျက်စီးခဲ့ပြီး လမ်းပေါင်း ၃၀ ကျော်လည်း ပျက်စီးခဲ့ကြောင်း သိရသည်။